Sunday, October 28, 2012

ကြာကျန်းမြောင်(ပဲခေါက်ဆွဲ) သင်တန်း ပြီးဆုံး


၂၀၁၂ခုနှစ် အောက်တိုဘာ ၂၈ ကြာကျန်းမြောင် (ပဲခေါက်ဆွဲ)သင်တန်းမှတ်တမ်းပုံများ (ဓါတ်ပုံ-ကိုကိုဇာနည်)

Wednesday, October 17, 2012

ကြာကျန်မြောင် (짜장면) လက်တွေ့ပြုလုပ်နည်းသင်တန်း ၊ စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်

အင်ချောန်း ၊ အောက်တိုဘာ ၁၈

[ကြာကျန်းမြောင်လက်တွေ့သင်တန်း]
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းမှုတို့အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ ကြာကျန်မြောင် လက်တွေ့ပြုလုပ်နည်းသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -

သင်တန်းနေရာ
- ၈ျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)
သင်တန်းနေ့ရက်
- အောက်တိုဘာလ ၂၈ ရက် ၊ တနင်္ဂနွေနေ့
သင်တန်းအချိန်
-နံနက်၉နာရီမှ နေ့လည် ၃ နာရီ ထိ
- နေ့လယ်စာ အခမဲ့ ကျွေးမွေးပါမည် ။
- နံနက် ၈ နာရီ၂၀ မိနစ် တိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ သင်တန်းပြီးလျင် ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ (၂၀) သာ ကန့်သတ်ထားပါသည် ။
- စိတ်ပါဝင်စားသူများ 010-2331-2457 ထံ အမြန်ဆုံးစာရင်းပေးသွင်းကြစေလိုပါသည် ။

မေတ္တာဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

Tuesday, October 9, 2012

ရွှေ့ပြောင်းလုပ်သားများ အခမဲ့ ဆေးစစ် ၊ ဆေးထိုး ၊ ဆေးကု အစီအစဉ်

အောက်တိုဘာ ၉ ၊ အင်ချောန်း

ရွှေ့ပြောင်းလုပ်သမားများ ကျန်းမာရေးစင်တာ (이주노동자건강센터) နှင့် ဓမ္မဒူတ(ကိုရီးယား) တို့၏ ညှိနှိုင်းချက်အရ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်အဖြစ် လာမည့် အောက်တိုဘာ ၂၈ ရက်နေ့(တနင်္ဂနွေနေ့) နေ့လည် ၁၁ နာရီမှ ၃ နာရီထိ အောက်ဖော်ပြပါ ရောဂါများကို အခမဲ့ ကာကွယ် ၊ စစ်ဆေး ၊ ကုသပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် -
ကာကွယ်ရေး အစီအစဉ်-
- တုတ်ကွေးကာကွယ်ဆေး (လူဦးရေ ၂၀၀ ကိုသာ ၊ ဦးရာလူစနစ်)

စစ်ဆေးပေးမည့်ရောဂါများ
- ကင်ဆာ ၊ အေအိုင်ဒီအက်စ် ၊ ဆီး၊ ဝမ်း ၊ သွေးသလိပ် နှင့် ရောဂါစုံ (ဓါတ်မှန် ၊ အစာလမ်းကြောင်းကင်မရာ အပါအဝင်)

မှတ်ချက် ။
အစာလမ်းကြောင်း ကင်မရာရိုက်မည့်သူ ၃၀ ဦးသာ ကန့်သတ်ထားပါသည်။ ၁၂ နာရီကြိုတင်၍ အစာရှောင်ထားကြပါရန် ။

ကုသပေးမည့်ရောဂါများ
- ခေါင်းကိုက်ခြင်း
- ယားယံခြင်း
- မူးဝေခြင်း
- ပုခုံး/ခြေ /လက်/ ခါး/ ဒူးစသည် ယောင်ယမ်းခြင်း/နာခြင်း/ လှုပ်ရှားမှုခက်ခဲခြင်း
- အာရုံကြော နှင့် ခါးရိုးအစရှိသည့် ဝေဒနာများ
- အစာအိမ်ရောဂါ အစရှိသည့် ဝေဒနာများ
-သွားနှုတ် ၊ သွားဖါ ၊ သွားခြစ်

နေရာ
ဘူဂဲမူလတန်းကျောင်း (부평구 부개초등학교)

စုရပ်
ဓမ္မဒူတ(ကိုရီးယား) မှ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် စုစည်းပြီး ဆေးကုစင်တာသို့ ထွက်ခွါပါမည် ။ (ဆေးကုစင်တာသို့ သွားတတ်သူများ မိမိအစီအစဉ်ဖြင့် သွားရောက်နိုင်ပါသည် ။)

စာရင်းပေးသွင်းရမည့်အချိန်နှင့်နေရာ
ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက် ၊ အောက်တိုဘာ ၁၂ ရက်ညနေ ၄ နာရီနောက်ဆုံးထားပြီး 010-2331-2457 ထံ စာရင်းပေးသွင်းကြပါရန် ။


ကျန်းမာချမ်းသာကြပါစေ-
ဓမ္မဒူတ(ကိုရီးယား)