Saturday, May 28, 2011

ဓမ္မဒူတ (ကိုရီးယား) ဆေးကုသမှုအစီအစဉ် စာပေဟောပြောပွဲနေ့ တစ်ရက်တာ နားမည် ဟုဆို

ဓမ္မဒူတ(ကိုရီးယား)နှင့် အပ်စိုက်ကုပညာရှင်များအသင်း (정침학회) တို့ ညှိနှိုင်းဆောင်ရွက်နေသည့် ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို လာမည့်
ဇွန် ၅ ရက် တနင်္ဂနွေနေ့ တွင် တစ်ရက်တာ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည် ။

မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်ကို ဓမ္မဒူတ(ကိုရီးယား) တတိယထပ် တွင် တနင်္ဂနွေနေ့တိုင်း နေ့လည် ၁ နာရီမှ ၅ နာရီထိ ခေါင်းကိုက်ခြင်း ၊ ယားယံခြင်း ၊ မူးဝေခြင်း ၊ ပုခုံး/ခြေ /လက်/ ခါး/ ဒူးစသည် ယောင်ယမ်းခြင်း/နာခြင်း/ လှုပ်ရှားမှုခက်ခဲခြင်း ၊ အာရုံကြော နှင့် ခါးရိုးအစရှိသည့် ဝေဒနာများ ၊ အစာအိမ်ရောဂါ အစရှိသည့် ဝေဒနာများ ကို ဇီဝိတ ဒါနအဖြစ် ကုသပေးလျက်ရှိကြောင်း ၊ ဘာသာစကား အခက်အခဲရှိသူများအတွက်လည်း စေတနာ ဆရာမ ၂ ဦးက အပတ်စဉ် စေတနာ စကားပြန်များအဖြစ် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ စာပေဟောပြောပွဲနေ့တွင် စကားပြန် ဆရာမများရော လူနာများပါ စာပေဟောပြောပွဲသို့ လွတ်လပ်ပေါ့ပါးစွာ တက်ရောက်နိုင်ရေး အတွက် ဆေးဝါးကုသမှုအစီအစဉ်ကို ၁ ရက်တာရပ်နားလိုက်ခြင်းဖြစ်ကြောင်း ၊ နောင် ဇွန် ၁၂ ရက် တနင်္ဂနွေအပတ်မှ အစပြု၍ ပုံမှန်အစီအစဉ်များအတိုင်း ဆက်လက် ကုသပေးသွားမည်ဖြစ်ကြောင်း ၊ အပတ်စဉ် ကုသမှုခံယူနေရသူများအတွက် ယခုလာမည့် မေ ၂၉ ရက်နေ့တွင် သတ္တ ၂ ပတ်စာ ဆေးဝါးများ ပေးသွားမည်ဖြစ်ကြောင်း သိရသည် ။

Friday, May 20, 2011

ဓမ္မဒူတ ကိုရီးယားစကား သင်တန်းသားလောင်းများ သင်တန်းချိန်နောက်မကျစေရေး

ဓမ္မဒူတ(ကိုရီးယား)တွင် လာမည့် မေ ၂၂ ရက် စတင်မည့် ကိုရီးယားစကားပြောသင်တန်း တက်ရောက်ရန် အမည်စာရင်း ပေးထားသူများ ၊ သင်တန်းမစမှီ ကြိုတင်ရောက်ရှိနေစေရေး ထထကြွကြွ လုံ့လပြုတော်မူကြပါရန် လေးစားစွာ အသိပေး နှိုးဆော်အပ်ပါသည် ။

သင်တန်းချိန်မှာ တနင်္ဂနွေနေ့တိုင်း နေ့လည် ၁ နာရီမှ မွန်းလွဲ ၃ နာရီထိ ဖြစ်ပါကြောင်း ထပ်မံ အသိပေးအပ်ပါသည် ။

လေးစားမှုဖြင့် -

ဓမ္မဒူတ(ကိုရီးယား)

Saturday, May 14, 2011

ဓမ္မဒူတ (ကိုရီးယား) ကျန်းမာရေး စေတနာ ဆရာမများ အသင့် ရှိပါပြီ

ဓမ္မဒူတ (ကိုရီးယား) က ကိုရီးယားနိုင်ငံ တိုင်းရင်းသမားတော်များအသင်းနှင့် ညှိနှိုင်းကာ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်လျက်ရှိနေရာ ၊ ဘာသာစကား အခက်အခဲ ရှိသူများ အဆင်ပြေစေရေးအတွက် ဆရာမ ဒေါ်လေးလေးမွန်နှင့် ဆရာမ ဒေါ်လွင်လွင်ချိုတို့က ယခုအပတ် တနင်္ဂနွေနေ့မှ အစပြု၍ စကားပြန်များအဖြစ် မေတ္တာဖြင့် ကူညီဆောင်ရွက်ပေးကြမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား အပေါင်းတို့ ကျန်းမာချမ်းသာကြစေကြောင်း မေတ္တာဖြင့် -

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၁ ခုနှစ် မေလ ၁၃ ရက်

Saturday, May 7, 2011

ဓမ္မဒူတ(ကိုရီးယား)တွင် ကိုရီးယားစကားပြော သင်တန်းဖွင့်မည်

ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတ(ကိုရီးယား)နှင့် အိဂျုအင်ကွေါန်ဆင်တာ (이주인권센터) တို့ ညှိနှိုင်းချက်အရ လာမည့် မေ ၂၂ ရက် တနင်္ဂနွေနေ့မှ အစပြု၍ ဓမ္မဒူတ(ကိုရီးယား)တွင် ကိုရီးယားစကားပြောသင်တန်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည် ။

သင်တန်းကို နားထောင်ခြင်း ပြောဆိုခြင်း သင်တန်း (Speaking & Listening Course) နှင့် အရေး အဖတ် သင်တန်း (Reading & Writing Course) ဟူ၍ (၂) ပိုင်းခွဲပြီး ကိုရီယားဘာသာကွမ်းကျင်မှုစာမေးပွဲ (TOPIK) ဝင်နိုင်ရန် ဦးတည်ချက်ထား လေ့ကျင့် သင်ကြားသွားမည်ဖြစ်ပါသည် ။

သင်တန်းခမ်းမ နေရာနှင့် ကိုရီးယားသင်တန်းဆရာများ အကန့်အသတ်ရှိပါသဖြင့် သင်တန်းသားများကိုလည်း သင်တန်း တစ်ခုတွင် ၅ ယောက်နှုန်းဖြင့် စုစုပေါင်း ၁၀ ဦးကိုသာ ဦးရာလူစနစ်ဖြင့် အခမဲ့ လက်ခံပို့ချ သင်ကြားပေးမည်ဖြစ်ပါသည် ။

သင်တန်းချိန်မှာ တနင်္ဂနွေနေ့တိုင်း နေ့လည် ၁ နာရီမှ မွန်းလွဲ ၃ နာရီထိ ဖြစ်ပါမည် ။ သင်တန်း တက်ရောက်လိုပါက ၀၁၀-၂၃၃၁-၂၄၅၇ ထံ မေလ ၁၅ ရက်နေ့ နောက်ဆုံးထား စာရင်းပေသွင်းနိုင်ကြပါသည် ။

လေးစားမှုဖြင့် -

ဓမ္မဒူတ(ကိုရီးယား)
8 May 2011

Thursday, May 5, 2011

စေတနာရှင် စကားပြန်များ အလိုရှိသည်

ဓမ္မဒူတ (ကိုရီးယား) က ကိုရီးယားနိုင်ငံ တိုင်းရင်းသမားတော်များအသင်းနှင့် ညှိနှိုင်းကာ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ ၊ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မြန်မာနိုင်ငံသား အများအပြားတို့ လာရောက်ပြီး ကျန်းမာရေး စစ်ဆေးကုသမှုကို ခံယူလျက်ရှိကြပါသည် ။
ကျန်းမာရေးစောင့်ရှောက်မှုခံယူကြသူများအနက် အချို့သော သူများမှာ ဘာသာစကား အခက်အခဲကြောင့် အဆင်မပြေမှုများ ရှိကြသည်ကိုတွေ့နေရပါသဖြင့် ၊ အဆိုပါ မြန်မာနိုင်ငံသားများ အဆင်ပြေစေရေးအတွက် စကားပြန် စေတနာရှင်များ လိုအပ်လျက်ရှိပါသည် ။
သို့ပါ၍ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မြန်မာ ကိုရီးယား စကားပြန် ဆောင်ရွက်ပေးနိုင်မည့် ပုဂ္ဂိုလ်များ ၀၁၀-၃၇၁၉-၂၄၇၄ သို့ ဖြစ်စေ ၊ dhammaduta.k@gmail.com အီးမေးလ် သို့ ဖြစ်စေ စာရင်းပေး ဆက်သွယ်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည် ။
ဆေးဝါး စစ်ဆေး ကုသချိန်မှာ နေ့လည် ၁ နာရီမှ ညနေ ၅ နာရီထိ ဖြစ်သော်လည်း ၊ ဘာသာပြန်ပေးမည့်သူများ ဝန်ထုပ်ဝန်ပိုး တစ်ခုလို မဖြစ်စေရန်အလို့ငှာ ၊ အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ပေးနိုင်ရန် စီစဉ်လိုပါသဖြင့် မိမိတို့ ဆောင်ရွက်ပေးနိုင်မည့် တနင်္ဂနွေ အပတ် နှင့် အချိန်တို့ကိုပါ တစ်ပါတည်း ဖော်ပြပေးစေလိုပါသည် ။

မြန်မာနိုင်ငံသား အပေါင်းတို့ ကျန်းမာချမ်းသာကြစေကြောင်း မေတ္တာဖြင့် -

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၁ ခုနှစ် မေလ ၅ ရက်