Thursday, March 22, 2012

ကိုရီးယားကင်ချီလက်တွေ့ပြုလုပ်နည်းသင်တန်းသားများသို့

ဆောအူးလ် ၊ မတ်လ ၂၂
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများအတွက် ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ မတ်လ ၂၅ ရက် ၊ တနင်္ဂနွေနေ့ တွင် ပြုလုပ်မည့် ကင်ချီသင်တန်းသား ညီအစ်ကိုများခင်ဗျား ၊ သင်တန်းချိန် နောက်မကျစေရေး ကြိုတင်အသိပေးအပ်ပါသည် ။


သင်တန်းနှင့် ပတ်သက်၍ -

- ရပ်ဝေးမှ သင်တန်သားများ ဓမ္မဒူတွင် ၊ တွဲဖက်ကျောင်းထိုင်ဆရာတော် ဦးကိတ္တိသာရ (032-521-5586) ထံ လျှောက်ကြားတည်းခိုနိုင်ပါသည် ။
- နံနက် ၈ နာရီတိတိတွင် ဓမ္မဒူတ(ကိုရီးယား)(ဘူဖြောင်းဘူတာ၊ ရဲစခန်းရှေ့)မှ ကြိုပို့ကား ထွက်ခွါပါမည် ။
- ကြိုပို့ကား ရပ်နား ၊ စောင့်ဆိုင်းချိန်မှာ အများဆုံး ၁၅ မိနစ်သာ ကြာမည်ဖြစ်ပါသဖြင့် ၊ မိမိကြောင့် သင်တန်းအချိန်ဇယား မထိခိုက်စေရေး နှင့် သင်တန်းအနှောက်အယှက်မဖြစ်စေရေး အလေးဂရုပြု စေလိုပါသည် ။
- ကြိုပို့ကား မမှီသဖြင့် မိမိအစီအစဉ်အစဉ်ဖြင့် လိုက်ပါလိုပါက ၊ အမှတ် ၇ မြေအောက်ရထားလိုင်း ချောလ်ဆန်ဘူတာရှေ့ (철산역앞) ၊ ရဲစခန်းမှတ်တိုင် (파출소) မှ တက်ကစီကားဖြင့် သွားရောက်နိုင်ပါသည် ။ လိပ်စာမှာ-
- Gwangmyeong-si (광명시), Soha-2-dong (소하2 동) , 341-2 (금강정사),Tel: 02-898-8200
- ဆက်သွယ်ရန် အခက်အခဲရှိပါက 010-2331-2457 မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည် ။

လေးစားမှုဖြင့် -

ဓမ္မဒူတ(ကိုရီးယား)
March 22, 2012

Monday, March 19, 2012

ကိုစံမောင် (ရသေ့တောင်) ရည်စူးဆွမ်းအလှူ (၂၀၁၂ မတ်လ ၁၈)

ကိုစံမောင် (ရသေ့တောင်) ရည်စူးဆွမ်းအလှူ (၂၀၁၂ မတ်လ ၁၈)

[Photo: By Dhammaduta_Korea/ကိုစံမောင်၏ ကျန်ရစ်သူ ဇနီးနှင့် မိတ်သင်္ဂဟများ အလှူမှတ်တမ်း]

မိခင်ကြီး ဒေါ်ချစ်မြ ရည်စူးဆွမ်းအလှူ (၂၀၁၂ မတ်လ ၁၁)

မိခင်ကြီး ဒေါ်ချစ်မြ ရည်စူးဆွမ်းအလှူ (၂၀၁၂ မတ်လ ၁၁)

[Photo: By Dhammaduta_Korea/ မိခင်ကြီးဒေါ်ချစ်မြ၏ ကျန်ရစ်သူ သား ကိုခင်မောင်ရင် နှင့် မိတ်သင်္ဂဟများ အလှူမှတ်တမ်း]

ကင်ချီလက်တွေ့ပြုလုပ်နည်း (မတ်လ၂၅) သင်တန်းသားများ အမည်စာရင်း အတည်ပြုချက်ပေးကြပါရန်

ဆောအူးလ် ၊ မတ်လ ၁၉
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများအား တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်း ပြုလုပ်မည့် (မတ်လ ၂၅) ကင်ချီလက်တွေ့ပြုလုပ်နည်းသင်တန်း တက်ရောက်ရန် အမည်စာရင်း တင်သွင်းထားကြသူများအနက် အောက်ဖော်ပြပါ သင်တန်းသားလောင်းများကို (ပဏာမ) ရွေးချယ်ထားပါကြောင်း -
- ကိုတက်ဖြိုးဝေ
- ကိုသန်းအေး
- ကိုဖြိုးဝေဝင်း
- ကိုစိန်ဝင်း
- ကိုအောင်ကျော်တင့်
- ကိုသန်းဝင်းအောင်
- ကိုစိုးဝင်း
- ကိုမျိုးသက်ထွန်း
- ကိုအောင်ကျော်မိုး
- ကိုမောင်မောင်လေး
- ကိုမင်း
- ကိုမင်းမင်း
- ကိုနေမင်းထွန်း
- ကိုနွေကိုကိုလင်း
- ကိုညဏ်ဝင်းထွန်း
- ကိုဇော်ဟိန်းထွန်း
- ကိုသန့်ဇင်ကို
- ကိုရဲနိုင်ဌေး
- ကိုသိန်းမြင့်
- ကိုစိုင်းကျော်ညွန့်
- ကိုစိုင်းအောင်မျိုး
- ကိုမိုးဟိန်း
- ကိုကျော်ဝင်းမြင့်
- စိုင်းတုန်ခမ်း
အမည်စာရင်းပေးသွင်းထားသူများ များပြားနေသည့်အတွက် သင်တန်းကို ၂ ကြိမ်ခွဲပြုလုပ်ရန် စီစဉ်ထားပါကြောင်း နှင့် အထက်ပါ အမည်စာရင်းတွင် ပါရှိသော်လည်း အမှန်တကယ် မတက်ရောက်နိုင်ပါက အခြားသူများ အစားထိုး တက်ရောက်နိုင်စေရေး လက်ကိုင်ဖုန်း 010-3719-2474 ထံ ဆောလျင်စွာ အတည်ပြုအကြောင်းကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း
လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

Thursday, March 1, 2012

ကိုရီးယားကင်ချီလက်တွေ့ပြုလုပ်နည်းသင်တန်းဖွင့်မည်

ဆောအူးလ် ၊ မတ်လ ၁
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းမှုတို့အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ ကင်ချီလက်တွေ့ပြုလုပ်နည်းသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -
သင်တန်းနေရာ
- ၈ျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)
သင်တန်းနေ့ရက်
- မတ်လ ၂၅ ရက် ၊ တနင်္ဂနွေနေ့
သင်တန်းအချိန်
- နံနက် ၉ နာရီ ၃၀ မှ ညနေ ၆ နာရီထိ
- နေ့လည်စာ ၊ ညစာ အခမဲ့ ကျွေးမွေးပါမည် ။
- နံနက် ၈ နာရီတိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ ၅နာရီခွဲ ညစာစားပြီး ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ (၂၀) သာ ကန့်သတ်ထားပါသည် ။
- စိတ်ပါဝင်စားသူများ 010-2331-2457 ထံ မတ်လ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြရန် ဖြစ်ပါသည် ။
လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)