Thursday, June 28, 2012

ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် အတွက် အလှူရှင်အမှတ် 10169 နှင့် ပါရမီရှင်များ ဝမ်၃၃သိန်း၉သောင်း လှူဒါန်း

ဇွန် ၂၇ ၊ အင်ချောန်း
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အလှူရှင်အမှတ် 10169 နှင့် အောက်ဖော်ပြပါ ပါရမီရှင် အပေါင်းတို့က အလှူတော်ငွေ ဝမ် ၃၃သိန်း၉သောင်းတိတိ (3,390,000 Won)ကို ဓမ္မဒူတ(ကိုရီးယား) တွဲဖက်ကျောင်းထိုင်ဆရာတော် အရှင်ကိတ္တိသာရထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10169 ဦးချစ်ခိုင် ဒေါ်သန်းဝင်း သား မျိုးခိုင်ဝင်း 100,000
10170 ဦးသန်းဌေး (အွိဂျောင်ဘူ) 50,000
10171 ဓမ္မဒူတဝေယျာဝစ္စလူငယ်များ(2) 100,000
10172 ဓမ္မဒူတဝေယျာဝစ္စလူငယ်များ(3) 150,000
10173 ဓမ္မဒူတဝေယျာဝစ္စလူငယ်များ(4) 170,000
10174 ကိုကျော်ဇော 30,000
10175 ဦးစိုးမြင့် ဒေါ်နော်ကြာပါး သားမောင်မောင်မျိုးညွန့် 50,000
10176 ဦးကြည်ဝင်း ဒေါ်သန်းမြင့် 100,000
10177 ကိုအောင်လင်းသိန်း မငုဝါစိုး သားဈာန်လင်းထက် 10,000
10178 ဦးစံရွှေ ဒေါ်ခင်ဝင်း သား မျိုးဇော်ဝင်း 50,000
10179 ဦးအောင်မျိုးသူ ဒေါ်ဖြိုးမမသန်း မိသားစု 100,000
10180 ဒေါ်ခင်မြင့် ရည်စူး၍ 20,000
10181 ကိုဇော်လင်းအောင် 15,000
10182 ဦးမြင့်သိန်း ဒေါ်သန်းရွှေ 30,000
10183 သူငယ်ချင်းများ 25,000
10184 ကိုအောင်မျိုးသူနှင့် ပညာတော်သင်ကျောင်းသားများ 230,000
10185 ဦးစိုးဝင်း ဒေါ်စောမြင့် ဒေါ်ကျင်အေးတို့အားရည်စူး၍ ကိုကျော်လင်း မညိုပြာ သား အောင်ဟိန်းခန့် မောင်ရှင်းသန့်အောင် 100,000
10186 ကိုဟိန်းဇော်လတ်(သိမ်ဇရပ်) 50,000
10187 ကိုမြင့်ဝင်း မယုမြတ်လှိုင် သား အောင်ခန့်ဇော် သမီးရွှေရည်မြင့်မြတ် 50,000
10188 ကိုဇာနည်ထွန်း 30,000
10189 ကိုဟိန်းဇာ 30,000
10190 ကိုလှတင်ဦး 20,000
10191 ကိုစိုးမိုး ၊ကိုမောင်ခိုင် ၊ ကိုမင်းကို 30,000
10192 ကိုသိန်းမင်း 30,000
10193 ကိုရေချမ်း ၊ကိုအေးဟန် ၊ လွင်ချမ်းမြေ့ 30,000
10194 ဦးညွန့်မောင် ဒေါ်ခင်စန်းရီ မိသားစု 100,000
10195 လင်းဧရာထူး 50,000
10196 ကိုအောင်သက်ထွေး 30,000
10197 ကိုစိုင်းညီမင်း 50,000
10198 ဦးကြည်ဝင်းအားရည်စူး၍ သား ကိုသန်းဝင်းအောင် 300,000
10199 ကွယ်လွန်သူ ဦးကျော်ငြိမ်းအားရည်စူး၍ သား ကိုဇော်လတ် 100,000
10200 ဒေါ်အေးလှိုင်(ရန်ကုန်) 100,000
10201 ကိုမြင့်ကျော် မသီတာ (နမ်ယင်း) ၊ကိုပြည့်ဖြိုးအောင်(20,000စီ) 40,000
10202 ဦးမင်းလွင်(၇၃)နှစ်အားရည်စူး၍ သားစိုင်းတင်မင်းဆိုင် 100,000
10203 ဦးစောဝင်း ၊ဒေါ်သန်းသန်းမြင့် သား ကျော်သူမိသားစု 100,000
10204 မျိုးမြင့်အောင် 50,000
10205 ဦးတင်ဝင်း ဒေါ်ခင်အေးမူ မိသားစု 100,000
10206 ဦးအောင်သစ် မိသားစု 300,000
10207 ကိုမင်းထွန်းသန်း ၊ ကိုမျိုးမောင် ၊ ကိုဇော်နိုင်ဦး ၊ကိုညီညီနိုင် ၊ ကိုလေးအောင် ၊ ကိုမြင့်ဇော် ၊ စေတနာရှင် (10,000စီ) 70,000
10208 ကိုတူးမနီနီချော၊ကိုတိုးဝင်းထွန်း ၊ကိုသီဟတိုး ၊(20,000စီ) 60,000
10209 ကိုအောင်မိုး (ခ) ကိုရိန်း 15,000
10210 ဦးသိန်းဆောင် (ဒေါ်သန်း) မိသားစု 5,000
10211 ကိုတိုးကြီး 50,000
10212 ကိုချစ်ထူး ၊ ထွန်းထွန်းဝင်း ၊ ကိုအောင်ကိုဦး (20,000စီ) 60,000
10213 ဦးသိန်းဆောင် (ဒေါ်သန်း) မိသားစု 10,000
10214 ကိုဝေလင်း မနီနီဝင်း ၊ ကိုမျိုးမြတ်လင်း ၊ ကိုသက်ခိုင်ဝင်း ၊ ကိုကျော်ဝေဦး မရီဝေနိုင် ၊ ဝေဖြိုး ၊ ကိုလူအောင် (10,000စီ) 60,000
10215 တိုးဝင်းထွန်း ၊ ကိုနိုင်မင်း(20,000စီ) 40,000

အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့ ဇွန်လ27 ရက်နေ့ အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် သိန်းပေါင်း 1076 နှင့် 7 သောင်း 7 ထောင် (107,677,000) နှင့် အမေရိကန်ဒေါ်လာ ၅၃၀ (ငါးရာသုံးဆယ်) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြကြပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ။



ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။


အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇွန်လ 27 ရက်

Monday, June 18, 2012

မုန်လာဥ ကင်ချီလက်တွေ့ပြုလုပ်နည်းသင်တန်း ၊ စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်

ဆောအူးလ် ၊ ဇွန် ၁၈
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းမှုတို့အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ မုန်လာဥ ကင်ချီလက်တွေ့ပြုလုပ်နည်းသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -
သင်တန်းနေရာ
- ၈ျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)
သင်တန်းနေ့ရက်
- ဇွန်လ ၂၄ ရက် ၊ တနင်္ဂနွေနေ့
သင်တန်းအချိန်
-နံနက်၉နာရီမှ နေ့လည် ၃ နာရီ ထိ
- နေ့လယ်စာ အခမဲ့ ကျွေးမွေးပါမည် ။
- နံနက် ၈ နာရီ၃၀ မိနစ် တိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ သင်တန်းပြီးလျင် ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ (၂၀) သာ ကန့်သတ်ထားပါသည် ။
- စိတ်ပါဝင်စားသူများ 010-2331-2457 ထံ အမြန်ဆုံးစာရင်းပေးသွင်းကြစေလိုပါသည် ။
လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

Saturday, June 16, 2012

ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ထံမှ သြဝါဒခံယူပွဲနှင့် အထူးတရားပွဲပြုလုပ်မည်

ဇွန် ၁၆ ၊ အင်ချောန်း


ကိုရီးယားနိုင်ငံရောက် ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ၏ တပည့်များနှင့် ဒါယကာဒါယိကာမများ စုပေါင်း၍ ၊ ယနေ့ည (ဇွန်လ ၁၆ ရက်) ၈ နာရီ ၃၀ မိနစ် အချိန်တွင် ၊ ဆရာတော်ကြီး ထံမှ သြဝါဒခံယူပွဲနှင့် အထူးတရားပွဲပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်တူတော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။


ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၁ခုနှစ် ဇွန်လ ၁၆ ရက် ။

Thursday, June 14, 2012

ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် အတွက် အလှူရှင်အမှတ် 10151 နှင့် ပါရမီရှင်များ ဝမ်၂၆သိန်း၂ ထောင်တိတိ နှင့် ဒေါ်လာ ၅၃၀ လှူဒါန်း

ဇွန် ၁၄ ၊ အင်ချောန်း
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် များနှင့် မိတ်ဆွေအပေါင်းတို့က အလှူတော်ငွေ ဝမ် ၂၆သိန်း၂ ထောင်တိတိ (2,602,000 Won)နှင့် အမေရိကန် ဒေါ်လာ ၅၃၀ (530USD)ကို ဓမ္မဒူတ(ကိုရီးယား) တွဲဖက်ကျောင်းထိုင်ဆရာတော် အရှင်ကိတ္တိသာရထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10151 အဖွားဒေါ်အေးလှိုင်အမှူးထား၍ မြေးအောင်ဇော်ဌေး 100,000
10152 မိခင်ဒေါ်ခင်မြင့်အမှူးထား၍သားသန့်ဇင်မောင် 100,000
10153 ဓမ္မဒူတဝေယျာဝစ္စလူငယ်များ 100,000
10154 မမနာပိကာစာရီ 50,000
10155 ၂ဘက်မိဘအမှူးထား၍ ကိုဝင်းမင်းထွန်း မမိမိမော် 100,000
10156 ကိုနေမင်းထင် (တတိယအကြိမ်) 50,000
10157 ကိုရဲမြင့် မအေးအေးမြင့် ၊ သမီးမဇာကြည်နိုင် 20,000
10158 ရခိုင်အသင်း(ကိုရီးယား) 50,000
10159 ဦးဇော်ဝင်း ဒေါ်သန်းသန်းမြင့် ၊ ကျော်သူ ကျော်သန့်ဇင် ယဉ်ဝေသူ 100,000
10160 ဦးချစ်ရွှေ ဒေါ်သောင်းရွှေ မိသားစု 100,000
10161 မိခင်ကြီး ဒေါ်ငွေယုန် (၇၉-နှစ်) (မိုးညှင်း) 100,000
10162 မိခင်ကြီး ဒေါ်ခင်အေးရည်စူး၍ နန္ဒကိုကို နော်စူစီ ဇော်လင်းလက်ကိုကို 100,000
10163 ကိုဟိန်းလတ်စိုး 30,000
10164 မိခင်ကြီး ဒေါ်သိန်းကြည်အားရည်စူး၍ သမီးမစန်းစန်းဝင်း(မိုးညှင်း) 1,500,000
10165 ကိုဝင်းလွင်ထွန်း 22,000
10166 ကိုငယ်ထွေးမိသားစု ။ ကိုသန်းကျော်ထွန်း ။ ကိုဟန်စိန် ။ ကိုသီဟကျော် ။ ကိုဝင်းအောင် ။ ကိုသောင်းထွဋ်ဇော် ။ ကိုအောင်မြင့်ဆွေ ။ ကိုတိုး ။ (10,000 စီ)
10167 ဦးရန်အောင် ၊ ဒေါ်ရင်ရွှင် (နယူးစတားရတနာဆိုင်) မိသားစု $500.00
10168 ကိုမြင့်မောင်မောင် $30.00

အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့ ဇွန်လ၁၄ ရက်နေ့ အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် သိန်းပေါင်း ၁၀၄၂ နှင့် ၈ သောင်း ၇ ထောင် (104,287,000) နှင့် အမေရိကန်ဒေါ်လာ ၅၃၀ (ငါးရာသုံးဆယ်) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြကြပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ။



ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။


အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်

Monday, June 11, 2012

ဒုတိယအကြိမ် ဓမ္မဒူတ-နိဗဒ္ဓအလှူတော် ရေစက်ချမင်္ဂလာ နှင့် အာဟာရဒါန အလှူတော် ဖိတ်ကြားစာ

ဇွန် ၁၁ ၊ ဓမ္မဒူတ
ကျနော်များ အမေ့အိမ် ညီအစ်ကိုများနှင့် မိတ်ဆွေတစ်စုတို့က ဓမ္မဒူတ (ကိုရီးယား) နိဗဒ္ဓအလှူတော် ဒုတိယအကြိမ် အလှူတော် ရေစက်ချမင်္ဂလာအလှူတော်နေ့တွင် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်းများဆက်ကပ်လှူဒါန်းပြီး ၊ ကြွရောက်တော်မူလာကြမည့် ဧည့်ပရိသတ်အပေါင်းတို့အား အာဟာရဒါနဖြင့် ဧည့်ခံကျွေးမွေး ကုသိုလ်တော် ယူလိုကြပါသဖြင့် ကြွရောက်တော်မူကြပါရန် လေးစားစွာ ဖိတ်မန္တက ပြုအပ်ပါသည် ။
အလှူတော်အစီအစဉ်မှာ အောက်ပါအစီအစဉ်အတိုင်း ဖြစ်ပါသည် -
အလှူတော် အစီအစဉ်
ရက်စွဲ ။ ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်(တနင်္ဂနွေနေ့)
အချိန် ။ နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီခွဲထိ
နေရာ ။ ဓမ္မဒူတ (ကိုရီးယား) (လမ်းညွန်-CLICK HERE)
အကျွေးအမွေးအစီအစဉ်
ထောပတ်ထမင်း ဖြင့် ဖွယ်ဖွယ်ရာရာ ဧည့်ခံလှူဒါန်းပါမည် ။
အနုမောဒနာတရားအစီအစဉ်
နေ့လည် ၁ နာရီခွဲ တိတိတွင် ဒုတိယအကြိမ် ဓမ္မဒူတ-နိဗဒ္ဓအလှူတော် ရေစက်ချမင်္ဂလာ နှင့် အာဟာရဒါန အလှူတော် အနုမောဒနာတရားနာကြားပါမည်။
သာဓုအနုမောဒနာတရားကို ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒက ချီးမြှင့်တော်မူပါမည်

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ။

ဓမ္မဒူတ ယဉ်ကျေးမှုအသင်းနှင့်
အမေ့အိမ် ညီအစ်ကိုများ

Saturday, June 9, 2012

လေ့လာရေးအစီအစဉ် လိုက်ပါမည့်သူများ အမည်စာရင်းအချို့ ချန်လှပ်ထားကြောင်း အသိပေးခြင်း

ဇွန်၉ ၊ အင်ချောန်း

ကိုရီးယား အပြည်ပြည်ဆိုင်ရာ ဓမ္မကထိကများအသင်း (International Dharma Instructors' Association, Korea) မှ ဦးစီ၍ လာမည့် ၂၀၁၂ခုနှစ် ဇွန်လ ၁၀ ရက် (တနင်္ဂနွေနေ့) တွင်ပြုလုပ်မည့် "၉-ကြိမ်မြောက် ဧည့်နိုင်ငံသားများ ကိုရီးယား ယဉ်ကျေးမှု လေ့လာရေးခရီး" အစီအစဉ်အတွက် ၊ လိုက်ပါမည့် လူအင်အား အမည်စာရင်းတင်သွင်းကြရာတွင် ၊ ယခင်နှစ်များက တာဝန်ခံတစ်ဦးသီးသန့်တာဝန်ပေးအပ်ပြီး ဆောင်ရွက်ခဲ့သဖြင့် အဆင်ပြေခဲ့သော်လည်း ၊ ယနှစ်နှစ်တွင် တာဝန်ခံအပြောင်းအလဲ ၊ အစီအစဉ်အပြောင်းအလဲများကြောင့် လက်ခံရရှိသည့် လူအင်အားမှာ ၃ ဆများပြားနေကြောင်း သိရှိရပါသည် ။

ခရီးစဉ်ကော်မတီ၏ မူလစည်းကမ်းသတ်မှတ်ချက်များအရ နောက်ဆုံးစာရင်းပေးသွင်းသူများကို ချန်လှပ်ထားခဲ့ကြောင်း ၊ ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်း(010-6874-2457) မှတစ်ဆင့် အမည်စာရင်းသွင်သွင်းထားသူများမှာ လည်း ၊ နောက်ဆုံးစာရင်းပေးသွင်းသူများတွင် ပါဝင်နေကြောင်း ၊ သို့ဖြစ်ရာ ဟန်ဂုရွာမှတစ်ဆင့် လေ့လာရေးခရီး အမည်စာရင်းတင်သွင်းထားသူများအား ခရီးစဉ်ကော်မတီက အမည်စာရင်းချန်လှပ်ထားခြင်းခံရပါကြောင်း နှင့် အဆင်မပြေမှုများအတွက် ကော်မတီမှ မစ္စက် လီဂယောင်းဟိုက အထူးဝမ်းနည်းပါကြောင်း အကြောင်းကြားလာပါကြောင်း ထပ်ဆင့်အသိပေးအပ်ပါသည် ။

လေးစားမှုဖြင့် -

ဓမ္မဒူတ(ကိုရီးယား)

Tuesday, June 5, 2012

ဒုတိယ အကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာ ၊ ဆရာတော်ကြီး ဒေါက်တာအရှင်ဆေကိန္ဒ ကြွရောက်ချီးမြင့်မည်

ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒသည် ယခုလာမည့် ဇွန်လ ၁၆ ရက်နေ့ နံနက်တွင် ကိုရီးယားနိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်ပြီး ၊ ဇွန်လ ၁၇ ရက်နေ့ နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် ဓမ္မဒူတ စင်တာတွင် ကျင်းပမည့် ဒုတိယ အကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာသဘင်၌ သာဓုအနုမောဒနာတရား ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည် ။
ဆရာတော်ကြီး၏ ဓမ္မဒူတခရီးစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
  • ၂၀၁၂ခုနှစ် ဇွန်လ ၁၆ ရက် (စနေနေ့)
  • နံနက်ပိုင်း ၊ ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူပါမည် ။
  • နေ့လည် ၁၁နာရီ ၁၅မိနစ်တွင် ဓမ္မဒူတ(ကိုရီးယား) ၌ ၊ ဓမ္မဒူတအကျိုးတော်ဆောင်အဖွဲ့က လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပါမည်။
  • မွန်းလွဲ ၂ နာရီ ခွဲတွင် ဆောအူးလ်မြို့တော် ၊ ဗောဓိရိပ်သာ(ဗောရီဆု)သို့ ဓမ္မဒူတခရီးစဉ် ကြွရောက်တော်မူပါမည် ။
  • ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက် (တနင်္ဂနေ့)
  • နံနက် ၆နာရီ ၄၅မိနစ် အချိန်တွင် ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်းက လှူဒါန်းမည့် အရုဏ်ဆွမ်း အလှူခံပါမည် ။
  • နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ၊ နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊
  • နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် ဒုတိယ အကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာနှင့် ၊ သာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပါမည် ။
  • ညနေတွင် ၊ မြန်မာပြည်သို့ ပြန်လည် ကြွချီတော်မူပါမည် ။
  • ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။ ဓမ္မဒူတ(ကိုရီးယား) ၂၀၁၁ခုနှစ် ဇွန်လ ၅ ရက် ။