Thursday, August 23, 2012

ဓမ္မဒူတ(ကိုရီးယား) ပစ္ဆိမ ဝါဆိုဝါကပ်ပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲဖိတ်ကြားလွှာ

ဓမ္မဒူတ (ကိုရီးယား) ပစ္ဆိမ ဝါဆိုဝါကပ်ပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကိုအောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကြွရောက်ပြီး ကုသိုလ်တော်ယူတော်မူကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်-
ရက်စွဲ
- ၁၃၇၄ခုနှစ် ဝါခေါင်လပြည့်ကျော် ၁ ရက် (တနင်္ဂနွေနေ့)
- [၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂ ရက် ]
နေရာ
- ဓမ္မဒူတသိမ်တော်
အစီအစဉ် –
- ၁၁း၁၅ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း
- ၁၁း၅ဝ ဧည့်သည်တော်များ နေ့လည်စာ သုံးဆောင်ခြင်း
- ၁၃း၁၅ ခေတ္တအနားယူခြင်း
- ၁၃း၃ဝ အခမ်းအနား စတင်ခြင်း
- ၁၃း၃၅ သီလခံယူဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်း နှင့်တကွ အလှူပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း ၊ တရားနာယူခြင်း ၊ အလှူတော်အစုစု ရေစက်ချ အမျှအတန်းပေးဝေခြင်း
- ၁၅းဝဝ အခမ်းအနားပြီးဆုံးခြင်း
ဧည့်ခံနှင့်အကျွေးအမွေးအလှူရှင်
- အမေ့အိမ် သူငယ်ချင်းများ



ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။
ဓမ္မဒူတ(ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့
၂၀၁၂ခုနှစ် သြဂုတ်လ ၂၃ ရက်

Saturday, August 11, 2012

ဓမ္မဒူတ(ကိုရီးယား) ၂၀၁၂ နွေရာသီအပမ်းဖြေခရီး ခရီးစဉ်(၃) ထွက်မည်

AUGUST 11, INCHEON
ဓမ္မဒူတ(ကိုရီးယား) အနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများ နှင့်အတူ လာမည့် သြဂုတ် ၂၅ /၂၆ ရက်များတွင် ဂန်ဝေါန်ဒို(강원도)သို့ အပမ်းဖြေခရီးထွက်မည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည် ။

လိုက်ပါလိုသူများ တစ်ဦးလျင် ခရီးစရိတ် (သွား / ပြန် ယာဉ်စရိတ်) ဝမ် ၅သောင်း နှုန်း သတ်မှတ်ထားပြီး ၊ အောက်ပါပုဂ္ဂိုလ်များထံ ယာဉ်နေရာများ ကြိုတင်မှာကြား ရယူနိုင်ပါသည် -


- 011-9360-1792 (Myanmar Thagyi)

- 010-4626-7571 (Sagawar)

- 010-9086-2290 (Mother’s House)

- 010-4303-0399 (Ywet Hla Aein)

- 010-2331-2457 (Teletalki)

ခရီးစဉ် မှာ -
သြဂုတ်၂၅ ည ၁၁ နာရီ တိတိတွင် ၊ ဘူဖြောင်းမြို့ ဓမ္မဒူတ စင်တာမှ ကားများစတင် ထွက်ခွါမည်ဖြစ်ပြီး ၊ သြဂုတ် ၂၆ နံနက် အရုဏ်တက်ချိန်တွင် ကမ္ဘာကျော် ဆောရတ်ဆန် (설악산) တောင်ခြေသို့ ဆိုက်ရောက်ရန် စီစဉ်ထားပြီး ၊ တောင်ခြေရှိ သမိုင်းဝင် မဟာဗုဒ္ဓရုပ်ပွါးတော်(대불)ကို ကြည်ညိုကြပြီး အမိမြန်မာပြည်အတွက် ဆုမွန်ကောင်းများတောင်းခြင်း ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ကြပါမည် ။
၎င်းနောက် ဆောရတ်ဆန်တောင်ထိပ်သို့ စက်လှေခါးဖြင့် တက်ရောက်ပြီး ကိုရီးယားနိုင်ငံ၏ တောပန်း တောင်စွယ် သဘာဝ အလှအပများကို ရှုမောရင်း လေကောင်းလေသန့်များကို တစ်ဝကြီး ရှူရှိုက်ခြင်းဖြင့် ကျန်းမာရေးဖြည့်တင်းကြပါမည်။
နေ့လည် ၁၂ နာရီကျော်အချိန် ဆုတ်ချိုပင်လယ်ကမ်းခြေ(속초해수욕장)သို့ ရောက်ရှိပြီး ၊ ကမ္ဘာကျော် ဆူပါအာဟာရ ပင်လယ်စာ (해물탕) ဖြင့် နေ့လည်စာသုံးဆောင်ကြပြီး ၊ ခေတ္တ အနားယူခါ ညနေ၄ နာရီမှ ၇နာရီထိ ပင်လယ်ကမ်းခြေ အလှအပများကို ရှုမောကြရင်း ပင်လယ်ရေငံလူး လှိုင်းစီးပြီး ၁ နှစ်စာ ပင်ပမ်းနွမ်းနယ်မှုများကို ဖြေဖျောက်ကြမည်ဖြစ်ပါသည် ။
ညနေပိုင်း ကမ်းခြေ ဖျော်ဖြေရေးအစီအစဉ်များကို ခေတ္တ ရှုစားပြီး ည ၁၀ နာရီတွင် ဆုတ်ချိုကမ်းခြေမှ ပြန်လည် ထွက်ခွါလာပြီး ၊ ၂၇ ရက်နေ့ နံနက် အရုဏ်တက်ချိန်တွင် ဓမ္မဒူတရင်ခွင်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ပါသည်။

ယခင်နှစ် များမှ အတွေ့အကြုံများ အရ ယာဉ်ကြော ပိတ်ဆို့ခြင်းကြောင့် ခရီးသွားမိတ်ဆွေတို့၏ အဖိုးတန် အားလပ်ချိန်များ အလဟဿ ဖြစ်ကုန်သည့်ပြဿနာ ၊ ပိတ်ရက်ကာလ တည်းခိုရန် နေရာ အခက်အခဲပြဿနာ စသည်တို့ မရှိစေရန် ညပိုင်းတွင် ခရီးထွက်ဖို့ စီစဉ်ထားခြင်း ဖြစ်ပါသည် ။


ထပ်မံသိလိုသည်များကို လက်မှတ်အရောင်းဌာနများ (အထက်ဖော်ပြပါဖုန်းနံပါတ်များ) တွင် မေးမြန်းနိုင်ပါသည် ။



မေတ္တာဖြင့်-

ဓမ္မဒူတ(ကိုရီးယား)

Thursday, August 9, 2012

အပမ်းဖြေရင်း ကုသိုလ်ယူခဲ့ကြသော ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က ကျေးဇူးတင်

လွန်ခဲ့သည့် ရက်သတ္တပတ် ဓမ္မဒူ နွေရာသီအပမ်းဖြေခရီးစဉ်များတွင် လိုက်ပါခဲ့ကြသော အောက်ဖော်ပြပါ ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က အထူးကျေးဇူးတင်ရှိကြောင်း မှတ်တင်းတင် ဂုဏ်ပြုဖော်ပြအပ်ပါသည်-
ပထမ ခရီးစဉ်(Jul28~29)မှ
ကိုလှထွန်းကျော် နှင့်အဖွဲ့
ကိုအောင်ကျော်ဖြိုး နှင့်အဖွဲ့
ကိုရန်နောင်ထွန်း နှင့်အဖွဲ့
ကိုရန်နောင်စိုး နှင့်အဖွဲ့
ကိုကောင်းထက် နှင့်အဖွဲ့
ကိုဘိုမော် နှင့်အဖွဲ့
ကိုမျိုးခိုင် နှင့်အဖွဲ့
ဒုတိယခရီးစဉ်(Aug 4~5)မှ
ကိုနိုင်ဝင်းထွန်း နှင့်အဖွဲ့
ကိုသက်မောင်မောင်ထွန်း နှင့်အဖွဲ့
ကိုခင်မောင်ဝင်း နှင့်အဖွဲ့
ကိုသန်းညီထွေး နှင့်အဖွဲ့
ကိုလင်းမင်း နှင့်အဖွဲ့
ကိုသုတ နှင့်အဖွဲ့
ကိုဝင်းထွဋ် နှင့်အဖွဲ့
ကိုကျော်ဇင်ဆန်းနှင့်အဖွဲ့
ကိုဖြိုးနိုင်စိုး နှင့်အဖွဲ့
ကိုစည်ဇော် နှင့်အဖွဲ့

လူကြီးမင်းတို့၏ ခရီးစဉ် ၂ ခုပေါင်းမှ ပိုလျှံငွေမှာ ဝမ် ၈ သိန်း (ဝမ်ရှစ်သိန်းတိတိ) ဖြစ်ပြီး ၊ အဆိုပါ ပိုလျှံငွေများကို ဓမ္မဒူတ (ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့မှ တစ်ဆင့် ဓမ္မဒူတ(ကိုရီးယား)သို့ လှူဒါန်းပြီး ဖြစ်ပါကြောင်း နှင့် အပမ်းဖြေရင်း ကုသိုလ်ယူခဲ့ကြသော ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က အထူးကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ပြုအပ်ပါကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည် ။
လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်