Thursday, February 7, 2013

၄၃၄၆-ခုနှစ် ၊ ကိုရီးယားနှစ်သစ်ကူး ဓမ္မသဘင် ၊ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်မည်

၄၃၄၆-ခုနှစ် ၊ ကိုရီးယားနှစ်သစ်ကူး ဓမ္မသဘင် ၊ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်မည်
ဖေဖေါ်ဝါရီ ၇ ၊ အင်ချောန်း ။
ကိုရီးယားနှစ်- ၄၃၄၆-ခုနှစ် ကိုရီးယားနှစ်သစ်ကူးအခါသမယ (၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ၉ နှင့် ၁၀ ရက်များ) တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများအတွက် ၊ အထူးဓမ္မသဘင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ၊ ဓမ္မသဘင်သို့ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။

ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ၏ ၊ ၄၃၄၆-ကိုရီးယားနှစ်သစ်ကူး ဓမ္မဒူတအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ၉ ရက်(စနေနေ့)အစီအစဉ်
- နံနက် ၈ နာရီ ၂၅ မိနစ်တွင် ကိုရီးယားသို့ ရောက်ရှိတော်မူမည် ။
- နေ့လယ် ၁၁ နာရီ၁၅ မိနစ်တွင် ၊ ဂုံဂျီအမ်လူငယ်များမှ လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊ သာဓုအနုမောဒနာ(ရေစက်ချ) တရား ချီးမြှင့်တော်မူပါမည် ။
- ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ၊ ဓမ္မဒူတစင်တာတွင် ၊ ကိုရီးယားနှစ်ကူးညချမ်းတရားဆွေးနွေးပွဲ (မေး ၊ဖြေ)ကျင်းပပါမည် ။

၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ ၁၀ ရက်(တနင်္ဂနွေနေ့) အစီအစဉ်
- နံနက် ၆ နာရီ ၄၅ မိနစ်တွင် ဓမ္မဒူတ (ကိုရီးယား) လူငယ်များ ၏ အရုဏ်ဆွမ်းအလှူ ၊ နေ့လယ် ၁၁ နာရီ၁၅ မိနစ်တွင် ပဲခူး လူငယ်များ၏ နေ့ဆွမ်းအလှူတို့ကို ချီးမြှင့်တော်မူပါမည် ။
- နေ့လည် ၁ နာရီ ၁၅မိနစ် မှ နေ့လည် ၃ နာရီထိ ကိုရီးယားနှစ်သစ်အထူးဓမ္မသဘင်တွင် ဓမ္မလက်ဆောင်များ ဟောကြားချီးမြှင့်တော်မူပါမည် ။
- ညနေ ၃ နာရီ ၃၀ မိနစ်တွင် ၊ ကိုရီးယားမှ မြန်မာပြည်သို့ ပြန်လည် ကြွချီတော်မူပါမည် ။

ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု ။
ဓမ္မဒူတ (ကိုရီးယား)

ဓမ္မဒူတ ကိုရီးယားနှစ်သစ်ကူးအလှူတော်များဖိတ်ကြားလွှာ

ဓမ္မဒူတ ကိုရီးယားနှစ်သစ်ကူးအလှူတော်များဖိတ်ကြားလွှာ
ဖေဖေါ်ဝါရီ ၇ ၊ အင်ချောန်း ။
ခရာစ်နှစ်-၂၀၁၃ခုနှစ်ဖေဖေါ်ဝါရီလ၉,၁၀,၁၁ ရက် (မြန်မာရက် ၁၃၇၄ခုနှစ် ပြာသိုလပြည့်ကျော် ၁၄ ၊ ၁၅ နှင့် တပို့တွဲလဆန်း ၁ ရက်) နေ့တွင်များတွင်ကျရောက်သည့် ကိုရီးယားနှစ်- ၄၃၄၆ခုနှစ် နှစ်သစ်ကူးအခါသမယတွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများက ၊ ဓမ္မဒူတစင်တာ(ကိုရီးယား) တွင် အောက်ပါအစီအစဉ်များအတိုင်း၊ အာဟာရဒါန လှူဒါန်းကြမည်ဖြစ်ရာ ၊ ကြွရောက် သုံးဆောင်တော်မူကြခြင်းဖြင့် ကုသိုလ်တော် ယူတော်မူကြပါရန် လေးစားစွာ ဖိတ်မန္တကပြုအပ်ပါသည် -

၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ၉ ရက်(စနေနေ့)
အရုဏ်ဆွမ်းအလှူရှင် - ဂုံဂျီအမ်လူငယ်များ
အာဟာရ - မြန်မာမုန့်ဟင်းခါး
နေ့ဆွမ်းအလှူရှင် - ဂုံဂျီအမ်လူငယ်များ
အာဟာရ - မြန်မာထမင်း မြန်မာဟင်း
*****

၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ ၁၀ ရက်(တနင်္ဂနွေနေ့)
အရုဏ်ဆွမ်းအလှူရှင် - ဓမ္မဒူတ (ကိုရီးယား) လူငယ်များ
အာဟာရ - ရှမ်းခေါက်ဆွဲ (ရှယ်ထူး)
နေ့ဆွမ်းအလှူရှင် - ကိုရဲ ၊ ကိုထွန်းဇော် ၊ ဖိုးလှမင်း ၊ ကိုသော်သော် ၊ ကိုနေအောင် ၊ ကိုဝင်းကို နှင့် ချင်းကူများ
အာဟာရ - ပဲခူးထမင်း နှင့် ပဲခူးရိုးရာ ဟင်း
*****

၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ ၁၁ ရက်(တနင်္လာနေ့)
အရုဏ်ဆွမ်းအလှူရှင် - မြန်မာသူကြီး နှင့် မြိတ်လူငယ်များ
အာဟာရ - မြိတ်အာဟာရ
နေ့ဆွမ်းအလှူရှင် - မြန်မာသူကြီး နှင့် မြိတ်လူငယ်များ
အာဟာရ - သူကြီးထမင်း သူကြီးဟင်း
*****


ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု ။

ဓမ္မဒူတ (ကိုရီးယား)