အောက်တိုဘာ ၉ ၊ အင်ချောန်း ။
ဓမ္မဒူတ (ကိုရိးယား) အနေဖြင့် ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၏ သြဝါဒကို နှင့် ၊ ဒေါက်တာ အရှင်နန္ဒက နှင့် ဆရာတော် အရှင်ကိတ္တိသာရတို့၏ အနီးကပ်ကြီးကြပ်မှု လမ်းညွှန်မှုတို့ကို ခံယူလျက် ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများနှင့် မြန်မာလုပ်ငန်းရှင်များ နှင့် ကျောင်းသားကျောင်းသူများတို့၏ ပူးပေါင်းပါဝင်မှုတို့ကို အလေးအနက်ခံယူပြီး ကိုရီးယားနိုင်ငံအတွင်း မြန်မာပိုင်သာသနာ့အဆောက်အဦး တစ်ခုပေါ်ပေါက်ရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ၊ ကိုရီးယားနိုင်ငံသို့ ပညာတော်သင်အဖြစ်ရောက်ရှိနေကြသော စိုက်ပျိုးရေး တက္ကသိုလ် ကျောင်းသားကျောင်းသူ ဆရာဆရာမများ စုပေါင်း၍ ဓမ္မဒူတ မြေအလှူတော်အတွက် ဝမ် ၁၈ သိန်း (တစ်ဆယ့်ရှစ်သိန်းတိတိ) လာရောက် လှူဒါန်းသွားကြောင်း သတင်းရရှိပါသည် ။
ဓမ္မဒူတ(ကိုရီးယား)၏ ဆောင်ရွက်မှုများကို မှတ်တမ်းတင် ဖော်ပြသွားပါမည် ။
Tuesday, October 11, 2011
Sunday, October 9, 2011
ဓမ္မဒူတ(ကိုရီးယား)စုပေါင်းမဟာဘုံကထိန်အလှူတော် ဖိတ်ကြားစာ
အောက်တိုဘာ ၉ ၊ အင်ချောန်းမြို့တော် ။
ဓမ္မဒူတ(ကိုရီးယား) မိသားစုအနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကို မောင်နှမများနှင့် အတူ ၊ ၁၃၇၃ ခုနှစ် စုပေါင်းမဟာဘုံကထိန်အလှူကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် ကြွရောက် ကုသိုလ်တော်ယူတော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် -
ရက်စွဲ-
၁၃၇၃ခု နှစ် ၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက် ၊ တနင်္ဂနွေနေ့
( ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၆ ရက် )
နေရာ -
ဓမ္မဒူတသိမ်တော် ခမ်းမ
အစီအစဉ် –
- ၁၁း၁၅ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း
- ၁၁း၅ဝ ဧည့်သည်တော်များ နေ့လည်စာ သုံးဆောင်ခြင်း (စကားဝါမိသားစုက အာဟာရဒါနပြုပါမည်)
- ၁၃း၁၅ ခေတ္တအနားယူခြင်း
- ၁၃း၃ဝ အခမ်းအနား စတင်ခြင်း
- ၁၃း၃၅ ကထိန်သင်္ကန်း နှင့်တကွ အလှူပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း ၊ တရားနာယူခြင်း ၊ အလှူတော်အစုစု ရေစက်ချ အမျှအတန်းပေးဝေခြင်း
- ၁၅းဝဝ အခမ်းအနားပြီးဆုံးခြင်း

Sunday, October 2, 2011
Subscribe to:
Posts (Atom)