ဓမ္မဒူတ(ကိုရီးယား)၏ ဆောင်ရွက်မှုများကို မှတ်တမ်းတင် ဖော်ပြသွားပါမည် ။
Tuesday, January 24, 2012
Monday, January 23, 2012
အလှူရှင်အမှတ် ၁၀၀၉၉ နှင့် ဒါနပါရမီရှင်များ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် ဝမ် ၂၇ သိန်း ၂ သောင်းလှူဒါန်း
ဇန္နဝါရီ ၂၃ ၊ အင်ချောန်း
Labels:
ဘာသာရေး,
သတင်းစုံ,
အလှူတော်မော်ကွန်း,
မောင်းသတင်း
အလှူရှင်အမှတ် ၁၀၀၆၇ နှင့် ပါရမီရှင်များ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် ဝမ် ၃ သန်း ၉ သောင်းလှူဒါန်း
ဇန္နဝါရီ ၂၂ ၊ အင်ချောန်း ။
Labels:
ဘာသာရေး,
အလှူတော်မော်ကွန်း,
မောင်းသတင်း
Thursday, January 19, 2012
မြန်မာအီးပီလုပ်သားများအတွက် အလုပ်သမားရေးရာ ဆွေးနွေးပွဲ ပြုလုပ်မည်
ဒါကြောင့် ၊ ဒီလိုစီစဉ်ထားပါတယ် -
- ကျနော်တို့ ဘာအခွင့်အရေးတွေ ရနိုင်တယ်ဆိုတာ မသိတော့ ၊ နစ်နာမှုတွေ ရှိခဲ့ကြတယ် ၊ ရှိနေကြတယ် ။ နောင်လည်း ရှိကြဦးမယ် ။
- နောက် ကျနော်တို့ ဘာတွေလုပ်ရမယ်ဆိုတာ မသိပြန်တော့လည်း ၊ လုပ်ရမှာတွေမလုပ်မိလို့ နစ်နာခဲ့ကြတယ် ၊ နစ်နာနေကြတယ် ။ နောင်လည်း နစ်နာကြဦးမယ် ။
- မနစ်နာသင့်တာတွေ ၊ မနစ်နာရအောင် လုပ်ရမှာ တွေကို လုပ်နိုင်ဖို့ လုပ်တတ်ဖို့ရာ သိရမှာတွေကို သိနေဖို့ လိုပါတယ် ။
- အဲသလို သိနေနိုင်ကြစေဖို့ ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်း(ကိုရီးယား) အမှုဆောင်အဖွဲ့ က ၊ သက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းပြီး ၊ သည်အစီအစဉ်ကို စီစဉ်လိုက်ရခြင်းဖြစ်ပါတယ် ။
ဒါတွေဟောပြောဆွေးနွေးမယ် -
- ကုလသမဂ္ဂက ပြဋ္ဌာန်းထားသော အလုပ်သမားအခွင့်အရေးများ ၊
- ကိုရီးယား (အစိုးရပြဋ္ဌာန်းထားသော) အလုပ်သမားအခွင့် အရေးရပိုင်ခွင့်များ ၊
- ရပိုင်ခွင့်များအား ရယူရန် နည်းလမ်းများ ၊
- လုပ်ခလစာ ၊ ဗီဇာ ၊ အာမခံ ၊ စာချုပ် ၊ လုပ်သက်ဆုကြေး ၊ အလုပ်ချိန် ၊ အလုပ်ပြောင်းရွှေခြင်း ၊ ခွင့် အမျိုးမျိုး ၊ ရွေ့ပြောင်းအလုပ်သမားဆိုင်ရာ မူဝါဒအသစ်များ ။
- သိလိုသည်များ မေးမြန်းဆွေးနွေးခြင်း ။ တက်ရောက်လာသူများမှ အလုပ်သမားဥပဒေဆိုင်ရာများနှင့် အခြားမိမိတို့ သိလိုသည်များ၊ တွေ့ကြုံနေကြရသည့် အလုပ်သမားအခွင့်အရေးဆိုင်ရာ အခက်အခဲများ မေးမြန်း/ဖြေကြားခြင်း ။
အချိန်-
ဇန္နဝါရီလ ၂၉ ရက်နေ့ (တနင်္ဂနွေ) နေ့လယ် ၁ နာရီမှ ၅နာရီ အထိ
နေရာ-
ဓမ္မဒူတသိမ်တော် ခမ်းမ
တာဝန်ခံ ဆွေးနွေးပို့ချမည့်သူ -
ရွေ့ပြောင်းသူများ လူ့အခွင့်အရေးအစည်းအရုံး မှ ရုံးအဖွဲ့မှူး မစ္စစ် ဆိုး
မှတ်ချက် ။
ဆွေးနွေးပွဲတက်ရောက်သူများအတွက် ၊ ဆွေးနွေးပို့ချချက်များ (မြန်မာဘာသာဖြင့်) ဝေငှမည်ဖြစ်ပါသဖြင့် ၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အလို့ငှာ ၊ ဆွေးနွေးပွဲတက်ရောက်လိုသူများ ဇန္နဝါရီလ ၂၅ ရက် နောက်ဆုံးထားပြီး 010-2331-2457 (ကိုဝိုင်း) ထံ ကြိုတင် စာရင်းပေးကြစေလိုပါသည် ။
မေတ္တာဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

Tuesday, January 17, 2012
၂၀၁၂ ခုနှစ် ကိုရီးယားနှစ်သစ်ကူးပွဲတော်ကာလ ဓမ္မဒူတ (ကိုရီးယား) အလှူတော်များ ဖိတ်ကြားစာ
၂၀၁၂ ခုနှစ် ကိုရီးယားနှစ်သစ်ကူးပွဲတော်ကာလ အတွင်း ဓမ္မဒူတ (ကိုရီးယား) ၌ အောက်ဖော်ပြပါ သဒ္ဓါကြည်လင် ဓမ္မဒူတ ပါရမီရှင် အသီးသီးတို့က ယှဉ်တွဲဖော်ပြပါ နေ့ရက်များအလိုက် အာဟာရဒါနပြု ကုသိုလ်ယူကြမည်ဖြစ်ပါသဖြင့် ကြွရောက် ကုသိုလ်တော်ယူတော်မူကြပါရန် လေးစားစွာ ဘိတ်မန္တကပြုအပ်ပါသည် -
၂၀၁၂-၁-၂၂ (တနင်္ဂနွေ)
- အရုဏ်ဆွမ်း ။ ကိုဝင်းနိုင်နှင့် ဓမ္မမိတ်ဆွေများ - မြန်မာထမင်းဟင်း
- နေ့ ဆွမ်း ။ ကိုဝင်းနိုင်နှင့် ဓမ္မမိတ်ဆွေများ - မြန်မာထမင်းဟင်း
၂၀၁၂-၁-၂၃ (တနင်္လာ)
- အရုဏ်ဆွမ်း ။ ကိုမင်းသူအားရည်စူး၍ USE အဖွဲ့ - မြန်မာထမင်းဟင်း
- နေ့ ဆွမ်း။ ကိုကျော်မြနှင့် မိတ်ဆွေများ-မြန်မာထမင်းဟင်း
၂၀၁၂-၁-၂၃(အင်္ဂါ)
- အရုဏ်ဆွမ်း ။ ဂုမ်ဂျီအမ် ဓမ္မမိတ်ဆွေများ - မြန်မာထမင်းဟင်း
- နေ့ ဆွမ်း ။ ဂုမ်ဂျီအမ် ဓမ္မမိတ်ဆွေများ - မြန်မာထမင်းဟင်း
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု ။
ဓမ္မဒူတ(ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့
မှတ်ချက် ။
ရပ်ဝေး ရပ်နီး ဒေသအသီးသီးမှ ညီအစ်ကို မောင်နှများ အားလုံး စိတ်ချမ်းမြေ့စွာ တည်းခိုနေထိုင်နိုင်ရန် စီစဉ်ထားပါသည် ။

Sunday, January 15, 2012
အလှူရှင်အမှတ် ၁၀၀၆၃ နှင့် ပါရမီရှင်များ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် ဝမ် ၄ သိန်း ၅ သောင်းလှူဒါန်း
ဇန္နဝါရီ ၁၅ ၊ အင်ချောန်း ။
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် ၄ ဦးတို့က အလှူတော်ငွေ ဝမ် ၄ သိန်း ၅ သောင်း တိတိကို ဓမ္မဒူတ(ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒကထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10063 ကိုကျော်သူရှိန် နှင့် မတင်ဇာဝင်း(သုံးခွ) မိသားစု 200,000
10064 ဖိုချောန်း လက်အိတ်စက်ရုံမှ ညီအစ်ကိုများ 100,000
10065 ဦးအောင်ထွန်းဇော် (သထုံ) 50,000
10066 ဦးစောထွန်း ဒေါ်ငြိမ်းငြိမ်းခိုင် သမီးဟေမာန်စောထွန်း မိသားစု 100,000

Tuesday, January 10, 2012
ဓမ္မဒူတ (ကိုရီးယား) နိဗဒ္ဓအလှူရှင်များစာရင်း ဒုတိယအကြိမ် ပြင်ဆင် ထုတ်ပြန်ကြေညာ
ဓမ္မဒူတ (ကိုရီးယား) ယဉ်ကျေးမှုအသင်းအနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာများ အချိန်နှင့် အမျှ အစဉ်အမြဲ ကုသိုလ်ရရှိနေစေရေး အစီအစဉ်အဖြစ် နိဗဒ္ဓအလှူတော် အစီအစဉ်ကို စီမံဆောင်ရွက်ခဲ့ရာ ကိုရီးယားနိုင်ငံ တစ်ဝှမ်းမှ ပါရမီရှင်များ က ၊ မိမိတို့ သဒ္ဓါအားအလျောက် ပါဝင်လှူဒါန်းနေကြပါသည် ။
အဆိုပါ လှူဒါန်းမှုများအတွက် ဓမ္မဒူတ(ကိုရီးယား)က အထူးဝမ်းမြောက်ဂုဏ်ယူပါကြောင်းနှင့် ၊ ပါရမီရှင်တို့၏ အလှူတော်ကို အများပြည်သူတို့ မုဒိတာပွါးပြီး ထပ်ဆင့်ကုသိုလ်တော်ယူနိုင်ကြစေရန်အလို့ငှာ ဓမ္မဒူတ(ကိုရီးယား) နိဗဒ္ဓအလှူရှင်များစာရင်း ကို ဒုတိယအကြိမ် ပြင်ဆင် တည်းဖြတ် ထုတ်ပြန်ကြေညာအပ်ပါသည် ။
ဓမ္မဒူတ(ကိုရီးယား) နိဗဒ္ဓအလှူရှင်များစာရင်း ကို ဤနေရာ (Click Here) တွင် ကြည့်ရှုပြီး မုဒိတာပွါး ကုသိုလ်တော်ယူနိုင်ကြပါကြောင်း နှင့် ကျန်ရှိနေသေးသော အလှူရှင်များစာရင်းကိုလည်း အခါအားလျော်စွာ ဆက်လက် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည် ။
သူတော်ကောင်းဓါတ် တရားမြတ် လွမ်းပတ် ကမ္ဘာ တည်စေသော် ။
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၁၀ ရက်။

Sunday, January 8, 2012
အလှူရှင်အမှတ် ၁၀၀၅၇ နှင့် ပါရမီရှင်များ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် ဝမ် ၇ သိန်း ၉သောင်းလှူဒါန်း
ဇန္နဝါရီ ၈ ၊ အင်ချောန်း ။
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် ၆ ဦးတို့က အလှူတော်ငွေ ဝမ် ၇ သိန်း ၉သောင်း တိတိကို ဓမ္မဒူတ(ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒကထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10057 ကိုနေလင်းသူ မိသားစု 100,000
10058 ကိုစန်းလွင် (မအူပင်) 300,000
10059 ကိုအေးနိုင်ဦး မိသားစု 50,000
10060 ကိုကျော်ဇော 20,000
10061 ဒေါ်အေးရည်စူး၍ ဦးမောင်မောင်စိုး သား ညီသူအောင် မောင်နှမတစ်စု 300,000
10062 ကိုသက်မင်းဇော် ၊ မမြတ်သည်းဖြူ 20,000

Friday, January 6, 2012
အလှူရှင်အမှတ် ၁၀၀၅၅ နှင့် ပါရမီရှင်များ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် ဆက်လက်လှူဒါန်း
ဇန္နဝါရီ ၅ ၊ အင်ချောန်း ။
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် ၂ ဦးတို့က အလှူတော်ငွေ ဝမ် ၂ သိန်း တိတိကို ဓမ္မဒူတ(ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒကထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10055 ကိုကြည်အောင် ၊ မအုန်းမြင့် (ကမာရွတ်) မိသားစု 100,000
10056 ကိုထွန်းထွန်း (လမ်းမတော်) 100,000
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် ၂ ဦးတို့က အလှူတော်ငွေ ဝမ် ၂ သိန်း တိတိကို ဓမ္မဒူတ(ကိုရီးယား) ကျောင်းထိုင်ဆရာတော် ဒေါက်တာ အရှင်နန္ဒကထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10055 ကိုကြည်အောင် ၊ မအုန်းမြင့် (ကမာရွတ်) မိသားစု 100,000
10056 ကိုထွန်းထွန်း (လမ်းမတော်) 100,000
Labels:
ဘာသာရေး,
သတင်းစုံ,
အလှူတော်မော်ကွန်း,
မောင်းသတင်း
Wednesday, January 4, 2012
ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် ပါရမီရှင်များ ဆက်လက်လှူဒါန်း
ဇန္နဝါရီ ၄ ၊ အင်ချောန်း ။
လွန်ခဲံသော တနင်္ဂနွေနေ့က ၊ ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် ၃ ဦးတို့က အလှူတော်ငွေ ဝမ် ၉ သိန်း ၅ သောင်းတိတိကို ဓမ္မဒူတ(ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့ထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10052 ဦးသန်းဝင်းဒေါ်ခင်အေးသင်းအမှူးထား၍ သား ကိုအောင်စည်သူဖြိုး 600,000
10053 နှစ်ဖက်မိဘများ အမှူးထား၍ ကိုခင်မောင်ဝင်း မတင်တင်အောင် 50,000
10054 ကိုအောင်မြင့်ဦး 300,000
[Photo: Dhammaduta_Korera/ အလှူရှင်တစ်ဦး မြေအလှူတော် လှူဒါန်းနေစဉ်]
အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် ၉၀၆ သိန်း ၆ သောင်း ၅ ထောင် (90,665,000) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြပါသည် ။
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၄ ရက် ။

Subscribe to:
Posts (Atom)