ဓမ္မဒူတ (ကိုရီးယား) တွင် တည်ထားကိုးကွယ်သည့် ဗုဒ္ဓရုပ်ပွါးတော် ရောင်တော်ဖွင့် နှင့် နှစ်သစ်အာဟာရအလှူတော် ကိုအောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ပြီး ကုသိုလ်တော်ယူတော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် -
★ ဗုဒ္ဓရုပ်ပွါးတော် ရောင်တော်ဖွင့်နှင့် ရေသပ္ပါယ်ခြင်းအစီအစဉ်
၂၀၁၁ ဧပြီ ၁၆ ရက် စနေနေ့
နေ့လည် ၁ နာရီခွဲမှ ညနေ ၆ နာရီထိ
★ အာဟာရဒါနအစီအစဉ်
၂၀၁၁ ဧပြီ ၁၇ ရက် တနင်္ဂနွေနေ့
နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီထိ
မြန်မာနှစ်သစ်အလှူအဖြစ် စကားဝါမိသားစုက ဗုဒ္ဓအမှူးရှိသည့် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း - နေ့ဆွမ်းတို့ဖြင့် ဆက်ကပ်လှူဒါန်းပြီး ၊ ကြွရောက်တော်မူလာကြမည့် ဧည့်ပရိသတ် အပေါင်းတို့အားလည်း ထောပတ်ထမင်း ၊ အအေးစုံတို့ဖြင့် လှူဒါန်း ပြီး ကုသိုလ်တော်ယူကြမည်ဖြစ်သည် ။
ဗုဒ္ဓသာသနံ စိရံတဋ္ဌတု ၊
အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
ဓမ္မဒူတ(ကိုရီးယား)၏ ဆောင်ရွက်မှုများကို မှတ်တမ်းတင် ဖော်ပြသွားပါမည် ။
Thursday, April 14, 2011
Thursday, April 7, 2011
ဓမ္မဒူတ (ကိုရီးယား) အခမဲ့ဆေးကုသမှုအစီအစဉ်
ဓမ္မဒူတ(ကိုရီးယား)နှင့် ကိုရီးယားတိုင်းရင်းသမားတော်များအဖွဲ့တို့၏ ညှိနှိုင်းချက်အရ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်အဖြစ် လာမည့် ဧပြီ ၁၀ရက်နေ့မှ အစပြု၍ တနင်္ဂနွေနေ့တိုင်း ဓမ္မဒူတ(ကိုရီးယား)တွင် နေ့လည် ၁ နာရီမှ ၅ နာရီထိ အောက်ဖော်ပြပါ ရောဂါများကို အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် -
ကုသပေးမည့်ရောဂါများ-
- ခေါင်းကိုက်ခြင်း
- ယားယံခြင်း
- မူးဝေခြင်း
- ပုခုံး/ခြေ /လက်/ ခါး/ ဒူးစသည် ယောင်ယမ်းခြင်း/နာခြင်း/ လှုပ်ရှားမှုခက်ခဲခြင်း
- အာရုံကြော နှင့် ခါးရိုးအစရှိသည့် ဝေဒနာများ
- အစာအိမ်ရောဂါ အစရှိသည့် ဝေဒနာများ
အပါတ်စဉ်လက်ခံကုသပေးမည့်လူနာဦးရေ-
- ထိရောက်စွာကုသပေးနိုင်ရန် ၊ အပါတ်စဉ် လူနာ (၃၀)ဦးအထိသာ လက်ခံကုသပေးမည်ဖြစ်သည် ။
ဆယ်ဒယ်မြောင် ကိုရီးယားတိုင်းရင်းဆေးရုံ (새대명한의원) ၊ ဂမ်ချိုဒန် ကိုရီးယားတိုင်းရင်းဆေးရုံ (감초당한의원) နှင့် ဖြောန်းဟန်မုံ ကိုရီးယားတိုင်းရင်းဆေးရုံ (편한몸 한의원) တို့က လိုအပ်သော ဆေးဝါးများ ၊ ဆေးဝါးကိရိယာများနှင့် သမားတော်များကို ပံ့ပိုးမည်ဖြစ်ပါသည် ။

Monday, April 4, 2011
Subscribe to:
Posts (Atom)