Thursday, April 7, 2011

ဓမ္မဒူတ (ကိုရီးယား) အခမဲ့ဆေးကုသမှုအစီအစဉ်

ဓမ္မဒူတ(ကိုရီးယား)နှင့် ကိုရီးယားတိုင်းရင်းသမားတော်များအဖွဲ့တို့၏ ညှိနှိုင်းချက်အရ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်အဖြစ် လာမည့် ဧပြီ ၁၀ရက်နေ့မှ အစပြု၍ တနင်္ဂနွေနေ့တိုင်း ဓမ္မဒူတ(ကိုရီးယား)တွင် နေ့လည် ၁ နာရီမှ ၅ နာရီထိ အောက်ဖော်ပြပါ ရောဂါများကို အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် -
ကုသပေးမည့်ရောဂါများ-
- ခေါင်းကိုက်ခြင်း
- ယားယံခြင်း
- မူးဝေခြင်း
- ပုခုံး/ခြေ /လက်/ ခါး/ ဒူးစသည် ယောင်ယမ်းခြင်း/နာခြင်း/ လှုပ်ရှားမှုခက်ခဲခြင်း
- အာရုံကြော နှင့် ခါးရိုးအစရှိသည့် ဝေဒနာများ
- အစာအိမ်ရောဂါ အစရှိသည့် ဝေဒနာများ
အပါတ်စဉ်လက်ခံကုသပေးမည့်လူနာဦးရေ-
- ထိရောက်စွာကုသပေးနိုင်ရန် ၊ အပါတ်စဉ် လူနာ (၃၀)ဦးအထိသာ လက်ခံကုသပေးမည်ဖြစ်သည် ။

ဆယ်ဒယ်မြောင် ကိုရီးယားတိုင်းရင်းဆေးရုံ (새대명한의원) ၊ ဂမ်ချိုဒန် ကိုရီးယားတိုင်းရင်းဆေးရုံ (감초당한의원) နှင့် ဖြောန်းဟန်မုံ ကိုရီးယားတိုင်းရင်းဆေးရုံ (편한몸 한의원) တို့က လိုအပ်သော ဆေးဝါးများ ၊ ဆေးဝါးကိရိယာများနှင့် သမားတော်များကို ပံ့ပိုးမည်ဖြစ်ပါသည် ။

No comments: