Tuesday, December 13, 2011

မော်ကွန်းထိုးရန် အလှူရှင်အမည်များ အသိပေးတော်မူကြပါရန် မေတ္တာရပ်ခံပါသည်

ကိုရီးယားနိုင်ငံရောက် ဒါနပါရမီရှင်များအနေဖြင့် ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် သဒ္ဓါတရားထက်သန်စွာ ထည့်ဝင်လှူဒါန်းလျက် ရှိနေကြသည်ကို ဓမ္မဒူတအကျိုးတော်ဆောင်အဖွဲ့က ဝမ်းမြောက်ဝမ်းသာစွာ သာဓုခေါ်ဆိုအပ်ပါသည် ။
သို့ရာတွင် ချို့သော အလှူရှင်များမှာ ဓမ္မဒူတအကျိုးတော်ဆောင်အဖွဲ့ထံ ဆက်သွယ် အသိပေး အကြောင်းခြင်း မရှိဘဲ မြေအလှူတော် ဘဏ်စာရင်း [신한은행 (SHINHAN BANK)-100-027-690153] သို့ တိုက်ရိုက်ပေးသွင်း လှူဒါန်းထားကြသည့်အတွက် ၊ ဓမ္မဒူတ မြေအလှူတော်မော်ကွန်းတွင် အလှူရှင်အမည်များ မော်ကွန်းရေးသွင်းရန် အခက်အခဲရှိနေပါသည် ။
သို့ပါ၍ နိုဝင်္ဘာလ ၁၁ ရက်နေ့မှ ဒီဇင်္ဘာလ ၁၁ ရက်နေ့အတွင်း ပေးသွင်းလှူဒါန်းထားကြသည့် အလှူရှင်များအနေဖြင့် မိမိတို့ ပေးသွင်းလှူဒါန်းထားသည့် အလှူတော်ငွေ ပမာဏနှင့် ပေးသွင်းသူ စာရင်းပေါက် အမည် (INITIAL) တို့ကို ဓမ္မဒူတ အကျိုးတော်ဆောင်အဖွဲ့ထံ အမြန်ဆုံး အသိပေးတော်မူကြပါရန် လေးစားစွာ မေတ္တာရပ်ခံပါသည် ။
အဆိုပါအလှူရှင်များအနေဖြင့် ၊ မော်ကွန်းတင်ဖော်ပြစေလိုသည့် အလှူရှင်အမည်ကို ဒီဇင်္ဘာလကုန်ချိန်ထိ အသိပေးလာခြင်းမရှိပါက ၊ အမည်မဖော်လိုသော အလှူရှင်များအဖြစ် မှတ်ယူ ပြီး [အမည်မဖော်လိုသူ အလှူရှင်များ] အဖြစ် စုပေါင်းပြီး မော်ကွန်းရေးသွင်းလိမ့်မည်ဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ။

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ။
ဓမ္မဒူတအကျိုးတော်ဆောင်အဖွဲ့
၂၀၁၁ ခုနှစ် ၊ ဒီဇင်္ဘာလ ၁၃ရက် ။

No comments: