Tuesday, December 27, 2011

မိခင်ကြီးကွယ်လွန်ခြင်း တစ်လပြည့်ဆွမ်းကျွေး အလှူ ဖိတ်ကြားလွှာ

လွန်ခဲ့သော နိုဝင်္ဘာလ ၃၀ ရက်နေ့က ဘဝတစ်ပါးသို့ ကူးပြောင်းသွားသည့် မိခင်ကြီး အားရည်စူးပြီး ဗုဒ္ဓ မြတ်စွာ အမှူးရှိသော သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်းနှင့် သင်္ကန်းပရိက္ခရာ အစရှိသည့် အလှူဝတ္ထု အစုစုတို့ ဆက်ကပ်လှူဒါန်းခြင်း ၊ ပရိတ်တရားတော် နာယူခြင်း နှင့် သာဓုအနုမောဒနာပြု အမျှအတန်းပေးဝေခြင်း တို့ကို အောက်ပါ အစီအစဉ်အတိုင်း ပြုလုပ်လိုပါသဖြင့် ကြွရောက်တော်မူကြပါရန် ရပ်နီးရပ်ဝေးမိတ်ဆွေအပေါင်းတို့အား လေးမြတ်စွာ ဖိတ်ကြားအပ်ပါသည် -
ရက်စွဲ ။ ၂၀၁၁ခုနှစ် ဒီဇင်္ဘာလ ၃၁ ရက် (စနေ)
အချိန် ။ နံနက် ၇ နာရီမှ နေ့လည် ၁ နာရီထိ
နေရာ ။ ဓမ္မဒူတ (ကိုရီးယား)

ညှိုးငယ်သော စိတ်ထားဖြင့် -
ကျန်ရစ်သူ မောင်နှမများနှင့် မရွှေမာသန်း
၂၀၁၁ခုနှစ် ဒီဇင်္ဘာလ ၂၇ ရက်

No comments: