Wednesday, February 1, 2012

ရွှေပြည်သာ ညီအစ်ကိုများ ဓမ္မဒူတ မြေအလှူတော် ရေစက်ချမင်္ဂလာ ဖိတ်ကြားလွှာ

ကျနော်များ ရွှေပြည်သာ ညီအစ်ကိုများနှင့် မိတ်ဆွေတစ်စုတို့က ၊ ကျနော်တို့၏ လုပ်အားခချွေးနှည်းစာများကို စုဆောင်းပေါင်းစုပြီးသကာလ ၊ ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် အတွက် အလှူတော်ငွေ ထည့်ဝင်လှူဒါန်းပွဲနှင့် အလှူတော် ရေစက်ချမင်္ဂလာကို အောက်ပါအစီအစဉ်အတိုင်း ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ၊ ကြွရောက်တော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် -
အလှူတော် အစီအစဉ်
ရက်စွဲ ။ ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက်(တနင်္ဂနွေနေ့)
အချိန် ။ နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီခွဲထိ
အကျွေးအမွေးအစီအစဉ်
အညာထမင်းဟင်းအဖြစ် သရက်ချဉ် ၊ ငံပြာရည် ၊ ငါးသလောက် ၊ ငါးခြောက်ကြွပ်ကြော် ၊ ပဲတီချဉ် ၊ ဧရာဝတီဟင်းချို စသည်ဖြင့် ဖွယ်ဖွယ်ရာရာ ဧည့်ခံလှူဒါန်းပါမည် ။
အနုမောဒနာတရားအစီအစဉ်
နေ့လည် ၁ နာရီခွဲ တိတိတွင် အလှူတော် အနုမောဒနာတရားနာကြားမည်ဖြစ်ပါသည် ။

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ။

ရွှေပြည်သာ ညီအစ်ကိုများ နှင့် မိတ်ဆွေများ

မှတ်ချက် ။
အကြောင်းအမျိုးမျိုးကြောင့် အလှူတော်တွင် မပါဝင်ကြရသေးသော ရွှေပြည်သာ ညီအစ်ကိုများ ၊ 010-2251-1792 ထံဆက်သွယ်နိုင်ကြပါကြောင်း ။

No comments: