Thursday, August 23, 2012

ဓမ္မဒူတ(ကိုရီးယား) ပစ္ဆိမ ဝါဆိုဝါကပ်ပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲဖိတ်ကြားလွှာ

ဓမ္မဒူတ (ကိုရီးယား) ပစ္ဆိမ ဝါဆိုဝါကပ်ပွဲနှင့် ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲကိုအောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသဖြင့် ကြွရောက်ပြီး ကုသိုလ်တော်ယူတော်မူကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်-
ရက်စွဲ
- ၁၃၇၄ခုနှစ် ဝါခေါင်လပြည့်ကျော် ၁ ရက် (တနင်္ဂနွေနေ့)
- [၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂ ရက် ]
နေရာ
- ဓမ္မဒူတသိမ်တော်
အစီအစဉ် –
- ၁၁း၁၅ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း
- ၁၁း၅ဝ ဧည့်သည်တော်များ နေ့လည်စာ သုံးဆောင်ခြင်း
- ၁၃း၁၅ ခေတ္တအနားယူခြင်း
- ၁၃း၃ဝ အခမ်းအနား စတင်ခြင်း
- ၁၃း၃၅ သီလခံယူဆောက်တည်ခြင်း၊ ဝါဆိုသင်္ကန်း နှင့်တကွ အလှူပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း ၊ တရားနာယူခြင်း ၊ အလှူတော်အစုစု ရေစက်ချ အမျှအတန်းပေးဝေခြင်း
- ၁၅းဝဝ အခမ်းအနားပြီးဆုံးခြင်း
ဧည့်ခံနှင့်အကျွေးအမွေးအလှူရှင်
- အမေ့အိမ် သူငယ်ချင်းများ



ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။
ဓမ္မဒူတ(ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့
၂၀၁၂ခုနှစ် သြဂုတ်လ ၂၃ ရက်

No comments: