Tuesday, June 5, 2012

ဒုတိယ အကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာ ၊ ဆရာတော်ကြီး ဒေါက်တာအရှင်ဆေကိန္ဒ ကြွရောက်ချီးမြင့်မည်

ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒသည် ယခုလာမည့် ဇွန်လ ၁၆ ရက်နေ့ နံနက်တွင် ကိုရီးယားနိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်ပြီး ၊ ဇွန်လ ၁၇ ရက်နေ့ နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် ဓမ္မဒူတ စင်တာတွင် ကျင်းပမည့် ဒုတိယ အကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာသဘင်၌ သာဓုအနုမောဒနာတရား ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည် ။
ဆရာတော်ကြီး၏ ဓမ္မဒူတခရီးစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်-
  • ၂၀၁၂ခုနှစ် ဇွန်လ ၁၆ ရက် (စနေနေ့)
  • နံနက်ပိုင်း ၊ ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူပါမည် ။
  • နေ့လည် ၁၁နာရီ ၁၅မိနစ်တွင် ဓမ္မဒူတ(ကိုရီးယား) ၌ ၊ ဓမ္မဒူတအကျိုးတော်ဆောင်အဖွဲ့က လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပါမည်။
  • မွန်းလွဲ ၂ နာရီ ခွဲတွင် ဆောအူးလ်မြို့တော် ၊ ဗောဓိရိပ်သာ(ဗောရီဆု)သို့ ဓမ္မဒူတခရီးစဉ် ကြွရောက်တော်မူပါမည် ။
  • ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက် (တနင်္ဂနေ့)
  • နံနက် ၆နာရီ ၄၅မိနစ် အချိန်တွင် ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်းက လှူဒါန်းမည့် အရုဏ်ဆွမ်း အလှူခံပါမည် ။
  • နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ၊ နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊
  • နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် ဒုတိယ အကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာနှင့် ၊ သာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပါမည် ။
  • ညနေတွင် ၊ မြန်မာပြည်သို့ ပြန်လည် ကြွချီတော်မူပါမည် ။
  • ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။ ဓမ္မဒူတ(ကိုရီးယား) ၂၀၁၁ခုနှစ် ဇွန်လ ၅ ရက် ။

No comments: