Saturday, June 9, 2012

လေ့လာရေးအစီအစဉ် လိုက်ပါမည့်သူများ အမည်စာရင်းအချို့ ချန်လှပ်ထားကြောင်း အသိပေးခြင်း

ဇွန်၉ ၊ အင်ချောန်း

ကိုရီးယား အပြည်ပြည်ဆိုင်ရာ ဓမ္မကထိကများအသင်း (International Dharma Instructors' Association, Korea) မှ ဦးစီ၍ လာမည့် ၂၀၁၂ခုနှစ် ဇွန်လ ၁၀ ရက် (တနင်္ဂနွေနေ့) တွင်ပြုလုပ်မည့် "၉-ကြိမ်မြောက် ဧည့်နိုင်ငံသားများ ကိုရီးယား ယဉ်ကျေးမှု လေ့လာရေးခရီး" အစီအစဉ်အတွက် ၊ လိုက်ပါမည့် လူအင်အား အမည်စာရင်းတင်သွင်းကြရာတွင် ၊ ယခင်နှစ်များက တာဝန်ခံတစ်ဦးသီးသန့်တာဝန်ပေးအပ်ပြီး ဆောင်ရွက်ခဲ့သဖြင့် အဆင်ပြေခဲ့သော်လည်း ၊ ယနှစ်နှစ်တွင် တာဝန်ခံအပြောင်းအလဲ ၊ အစီအစဉ်အပြောင်းအလဲများကြောင့် လက်ခံရရှိသည့် လူအင်အားမှာ ၃ ဆများပြားနေကြောင်း သိရှိရပါသည် ။

ခရီးစဉ်ကော်မတီ၏ မူလစည်းကမ်းသတ်မှတ်ချက်များအရ နောက်ဆုံးစာရင်းပေးသွင်းသူများကို ချန်လှပ်ထားခဲ့ကြောင်း ၊ ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်း(010-6874-2457) မှတစ်ဆင့် အမည်စာရင်းသွင်သွင်းထားသူများမှာ လည်း ၊ နောက်ဆုံးစာရင်းပေးသွင်းသူများတွင် ပါဝင်နေကြောင်း ၊ သို့ဖြစ်ရာ ဟန်ဂုရွာမှတစ်ဆင့် လေ့လာရေးခရီး အမည်စာရင်းတင်သွင်းထားသူများအား ခရီးစဉ်ကော်မတီက အမည်စာရင်းချန်လှပ်ထားခြင်းခံရပါကြောင်း နှင့် အဆင်မပြေမှုများအတွက် ကော်မတီမှ မစ္စက် လီဂယောင်းဟိုက အထူးဝမ်းနည်းပါကြောင်း အကြောင်းကြားလာပါကြောင်း ထပ်ဆင့်အသိပေးအပ်ပါသည် ။

လေးစားမှုဖြင့် -

ဓမ္မဒူတ(ကိုရီးယား)

No comments: