Monday, June 11, 2012

ဒုတိယအကြိမ် ဓမ္မဒူတ-နိဗဒ္ဓအလှူတော် ရေစက်ချမင်္ဂလာ နှင့် အာဟာရဒါန အလှူတော် ဖိတ်ကြားစာ

ဇွန် ၁၁ ၊ ဓမ္မဒူတ
ကျနော်များ အမေ့အိမ် ညီအစ်ကိုများနှင့် မိတ်ဆွေတစ်စုတို့က ဓမ္မဒူတ (ကိုရီးယား) နိဗဒ္ဓအလှူတော် ဒုတိယအကြိမ် အလှူတော် ရေစက်ချမင်္ဂလာအလှူတော်နေ့တွင် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်းများဆက်ကပ်လှူဒါန်းပြီး ၊ ကြွရောက်တော်မူလာကြမည့် ဧည့်ပရိသတ်အပေါင်းတို့အား အာဟာရဒါနဖြင့် ဧည့်ခံကျွေးမွေး ကုသိုလ်တော် ယူလိုကြပါသဖြင့် ကြွရောက်တော်မူကြပါရန် လေးစားစွာ ဖိတ်မန္တက ပြုအပ်ပါသည် ။
အလှူတော်အစီအစဉ်မှာ အောက်ပါအစီအစဉ်အတိုင်း ဖြစ်ပါသည် -
အလှူတော် အစီအစဉ်
ရက်စွဲ ။ ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်(တနင်္ဂနွေနေ့)
အချိန် ။ နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီခွဲထိ
နေရာ ။ ဓမ္မဒူတ (ကိုရီးယား) (လမ်းညွန်-CLICK HERE)
အကျွေးအမွေးအစီအစဉ်
ထောပတ်ထမင်း ဖြင့် ဖွယ်ဖွယ်ရာရာ ဧည့်ခံလှူဒါန်းပါမည် ။
အနုမောဒနာတရားအစီအစဉ်
နေ့လည် ၁ နာရီခွဲ တိတိတွင် ဒုတိယအကြိမ် ဓမ္မဒူတ-နိဗဒ္ဓအလှူတော် ရေစက်ချမင်္ဂလာ နှင့် အာဟာရဒါန အလှူတော် အနုမောဒနာတရားနာကြားပါမည်။
သာဓုအနုမောဒနာတရားကို ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒက ချီးမြှင့်တော်မူပါမည်

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ။

ဓမ္မဒူတ ယဉ်ကျေးမှုအသင်းနှင့်
အမေ့အိမ် ညီအစ်ကိုများ

No comments: