Monday, September 3, 2012

အပမ်းဖြေရင်း ကုသိုလ်ယူခဲ့ကြသော ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က ကျေးဇူးတင်

လွန်ခဲ့သည့် ရက်သတ္တပတ် ဓမ္မဒူ နွေရာသီအပမ်းဖြေခရီးစဉ် (၃/၂၀၁၂) (강원도)ဒေသ အပမ်းဖြေခရီး တွင် လိုက်ပါခဲ့ကြသော အောက်ဖော်ပြပါ ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က အထူးကျေးဇူးတင်ရှိကြောင်း မှတ်တင်းတင် ဂုဏ်ပြုဖော်ပြအပ်ပါသည်-
- ကိုအောင်မျိုးသူ(ကောန်ဂု-ဂ် ယူနီဗာစီတီ) နှင့် အဖွဲ့
- ကိုဝင်းလှိုင် (ဂလိုဗယ်တော့-ပ်) နှင့်အဖွဲ့
လူကြီးမင်းတို့ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ခဲ့သော ဤအပမ်းဖြေခရီးစဉ်မှ ပိုလျှံငွေမှာ ဝမ် ၄ သိန်း (ဝမ်လေးသိန်းတိတိ) ဖြစ်ပြီး ၊ အဆိုပါ ပိုလျှံငွေများကို ဓမ္မဒူတ (ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့မှ တစ်ဆင့် ဓမ္မဒူတ(ကိုရီးယား)သို့ လှူဒါန်းပြီး ဖြစ်ပါကြောင်း နှင့် အပမ်းဖြေရင်း ကုသိုလ်ယူခဲ့ကြသော ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က အထူးကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ပြုအပ်ပါကြောင်း ။
လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၉ ရက်

No comments: