Saturday, September 15, 2012

ဓမ္မဒူတ (ကိုရီးယား) ၂၀၁၂-ချူးဆောက် ပိတ်ရက်ကာလ စုပေါင်းဒုလ္လဘ ရဟန်းခံပွဲကျင်းပမည်

ဓမ္မဒူတယဉ်ကျေးမှုအသင်း(ကိုရီးယား)အနေဖြင့် ၊ ၂၀၁၂ခုနှစ် ကိုရီးယားနိုင်ငံ ချူးဆောက် ပိတ်ရက်ရှည် ( ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ၊ ၃၀ ၊ အောက်တိုဘာ၁ ) ကာလ အတွင်း သတ္တမအကြိမ်မြောက် စုပေါင်း ဒုလ္လဘ ရဟန်းခံပွဲ ကျင်းပမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည် ။

မြိတ်အသင်းသူအသင်းသားများ(ကိုရီးယား) က အဆိုပါ စုပေါင်းဒုလ္လဘ ရဟန်းခံပွဲ၏ ပင်မ ရဟန်းဒါယကာ ဒါယိကာမများ အဖြစ် ချီးမြှောက် ထောက်ပံ့လှူဒါန်းကြမည်ဖြစ်ပါသည် ။

လောလောဆယ် ရဟန်းလောင်း ၁၀ ပါးရရှိထားပြီး ၊ ဒုလ္လဘ ရဟန်းခံလိုသူများ သို့မဟုတ် ရဟန်း ဒါယကာ ဒါယိကာမများအဖြစ် ပါဝင်ချီးမြှောက်လိုသူများ ၊ ပင်မအလှူရှင် (မြန်မာသူကြီးမိသားစု ၀၁၀-၈၃၃၀-၁၇၉၂)ထံ မေးမြန်းနိုင်ကြပါသည် ။

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ၊ စက်တင်္ဘာလ ၁၅ ရက်

No comments: