Saturday, September 22, 2012

ကိုရီးယား ကစားစရာပစ္စည်းများနှင့် ကိုရီးယားရိုးရာ မင်္ဂလာမုန့် လက်တွေ့ပြုလုပ်နည်းသင်တန်း ၊ စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်

ဆောအူးလ် ၊ စက်တင်္ဘာ ၂၂
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းမှုတို့အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ ကိုရီးယား ကစားစရာပစ္စည်းများနှင့် ကိုရီးယားရိုးရာ မင်္ဂလာမုန့် လက်တွေ့ပြုလုပ်နည်းသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -
သင်တန်းနေရာ
- ၈ျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)
သင်တန်းနေ့ရက်
- အောက်တိုဘာ ၁ ရက် ၊ တနင်္လာနေ့ (ချူးဆောက်ပိတ်ရက် ဒုတိယနေ့)
သင်တန်းအချိန်
- နေ့လည် ၂ နာရီမှ ည ၈ နာရီ ထိ
- ညနေစာစာ အခမဲ့ ကျွေးမွေးပါမည်
- နေ့လည် ၁၂ နာရီ၃၀ မိနစ် တိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ သင်တန်းပြီးလျင် ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ (၂၀) သာ ကန့်သတ်ထားပါသည် ။
- စိတ်ပါဝင်စားသူများ 010-2331-2457 ထံ အမြန်ဆုံးစာရင်းပေးသွင်းကြစေလိုပါသည် ။

လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

No comments: