Thursday, September 27, 2012

ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကိုရီးယား ချူးဆောက် (၂၀၁၂) ဓမ္မဒူတခရီးစဉ် ပြင်ဆင်


ယခုလာမည့် ချူးဆောက်ကာလ (စက်တင်္ဘာ ၂၉ ၊ ၃၀ ၊ အောက်တိုဘာ ၁) အတွင်း ကိုရီးယားနိုင်ငံသို့ ကြွရောက်ချီးမြှင့်တော်မူမည့် ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၏ ဓမ္မဒူတခရီးစဉ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်း ပြင်ဆင်ကြေညာအပ်ပါသည်-


၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၉ ရက် (စနေနေ့)
နံနက်ပိုင်း ၊ ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅မိနစ်တွင် ဓမ္မဒူတ(ကိုရီးယား) ၌ ၊ ဒေါ်စန်း(မိုးညှင်း)နှင့် ရွှေကချင်ညီနောင်များ (ကိုရီးယား) လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပါမည်။
ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဒုလ္လဘ ရဟန်းလောင်းများ သာမဏေရ ပဗ္ဗဇ္ဖ မင်္ဂလာသို့ ချီးမြှောက်တော်မူပါမည် ။
ည ၈ နာရီ အချိန်တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာပညာတော်သင် ကျောင်းသား ကျောင်းသူများ၏ အထူးဓမ္မသဘင်ကို ချီးမြှင့်တော်မူပါမည် ။

၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၃၀ ရက် (တနင်္ဂနေ့)
နံနက် ၆နာရီ ၄၅မိနစ် အချိန်တွင် ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်းက လှူဒါန်းမည့် အရုဏ်ဆွမ်း အလှူခံပါမည် ။
နံနက် ၈ နာရီ ၈ မိနစ်အချိန်တွင် ၊ ဒုလ္လဘရဟန်းလောင်းများ ဥပသမ္ဘဒကံဆောင်ပွဲ (သိမ်တက်ပွဲ) ချီးမြှောက်တော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ၊ မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများ၏ နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊ နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် တတိယအကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာနှင့် ၊ သတ္တမအကြိမ်ဒုလ္လဘရဟန်းခံပွဲသာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပါမည် ။
ညနေ ၅ နာရီတွင် ၊ ဓမ္မဒူတ(ကိုရီးယား)မှ မြန်မာပြည်သို့ ပြန်လည် ကြွချီတော်မူပါမည် ။


ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၇ ရက် ။

No comments: