Saturday, July 21, 2012

ဟဲအွန်ဒဲ ပင်လယ်ကမ်းခြေ နွေရာသီ အပမ်းဖြေခရီး လိုက်ပါမည့် ညီအစ်ကိုမောင်နှမများထံသို့

ဇူလိုင် ၂၁ ၊ အင်ချောန်း
ဗုဒ္ဓသာအသင်း (ကိုရီးယား) အနေဖြင့် ၂၀၁၂-ခုနှစ် ၊ နွေရာသီခရီးစဉ် (၁) အဖြစ် လာမည့် ဇူလိုင် ၂၈/၂၉ ရက် ရက်များတွင် ကမ္ဘာကျော် ဘူဆန်မြို့ ဟဲအွန်ဒယ် ပင်လယ်ကမ်းခြေ (해운대해수욕장) သို့ နွေရာသီ အပန်းဖြေခရီး ထွက်ရန် စီစဉ်ထားပါသည် ။

(ခရီးစဉ်-၁) တွင် လိုက်ပါမည့် ညီအစ်ကိုမောင်နှများ အနေဖြင့် ၊ ဇူလိုင်လ ၂၅ ရက် (ဗုဒ္ဓဟူး) နေ့ နောက်ဆုံးထားပြီး ၊ အောက်ပါပုဂ္ဂိုလ်များထံ စာရင်းပေးသွင်းကြပါရန် ထပ်မံအသိပေး နှိုးဆော်အပ်ပါသည်-

- 011-9360-1792 (Myanmar Thagyi)
- 010-4626-7571 (Sagawar)
- 010-9086-2290 (Mother’s House)
- 010-4303-0399 (Ywet Hla Aein)
- 010-2331-2457 (Teletalki)
ခရီးစရိတ်နှင့် ထွက်ခွါချိန် ၊ ပြန်လည်ရောက်ရှိချိန် အချိန်ဇယားမှာ ယခင်ကြေညာထားသည့်အတိုင်းဖြစ်ပါသည် ။
လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)

Monday, July 9, 2012

ဓမ္မဒူတ(ကိုရီးယား)မောင်မယ်များ ၂၀၁၂ နွေရာသီ ဘူဆန် ဟဲအွန်ဒယ်သို့ အပန်းဖြေခရီးထွက်မည်

ဇူလိုင် ၉ ၊ အင်ချောန်း


လာမည့် ဇူလိုင် ၂၈/၂၉ ရက် (ခရီးစဉ်-၁) နှင့် သြဂုတ်လ ၄ /၅ ရက်နေ့ (ခရီးစဉ်-၂) များတွင် ၊ ဓမ္မဒူတ ဗုဒ္ဓသာအသင်း (ကိုရီးယား) က ကမကထပြုပြီး၊ ကမ္ဘာကျော် ဘူဆန်မြို့ ဟဲအွန်ဒယ် ပင်လယ်ကမ်းခြေ (해운대해수욕장) သို့ နွေရာသီ အပန်းဖြေခရီး ထွက်မည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည် ။



လိုက်ပါလိုသူများ တစ်ဦးလျင် ခရီးစရိတ် (သွား / ပြန် ယာဉ်စရိတ်) ဝမ် ၅သောင်း နှုန်း သတ်မှတ်ထားပြီး ၊ အောက်ပါပုဂ္ဂိုလ်များထံ ယာဉ်နေရာများ ကြိုတင်မှာကြား ရယူနိုင်ပါသည် -


- 011-9360-1792 (Myanmar Thagyi)

- 010-4626-7571 (Sagawar)

- 010-9086-2290 (Mother’s House)

- 010-4303-0399 (Ywet Hla Aein)

- 010-2331-2457 (Teletalki)

ခရီးစဉ် (၂)ခုစလုံးအတွက် ပထမရက်(ဇူလိုင်၂၈ /သြဂုတ်၎)ည ၁၁ နာရီ တိတိတွင် ၊ ဘူဖြောင်းမြို့ ဓမ္မဒူတ စင်တာမှ ကားများစတင် ထွက်ခွါမည်ဖြစ်ပြီး ၊ ဒုတိယနေ့ (ဇူလိုင်၂၉/သြဂုတ်၅)နံနက် ၆ နာရီ ဘူဆန် ဟယ်အွန်ဒယ်ကမ်းခြေသို့ ဆိုက်ရောက်ရန် စီစဉ်ထားကြောင်း ၊ ဘူဆန်မြို့တွင် တစ်နေကုန် အနားယူ အပမ်းဖြေ ကြပြီးနောက် တစ်ရက်(ဇူလိုင်၂၉/သြဂုတ်၅)ည ၁၀ နာရီတွင် ကမ်းခြေမှ ပြန်လည် ထွက်ခွါမည် ဖြစ်ကြောင်း ၊ မရောက်ဖူးသေးသူများအနေဖြင့် ကမ္ဘာကျော် ဘူဆန်မြို့ ပင်လယ်ရေအောက်ငါးပြတိုက် (CLICK) ၊ သမိုင်းဝင် APEC-2005 အစည်းအဝေး ပြခန်း(CLICK) ၊ ဘူဆန်ကုန်သွယ်ရေးဆင်တာပြခန်း (BEXCO) (CLICK)စသည်နေရာများသို့ လည်း လည်ပတ်ခွင့် ရရှိကြမည်ဖြစ်သည် ။

ယခင်နှစ် များမှ အတွေ့အကြုံများ အရ ယာဉ်ကြော ပိတ်ဆို့ခြင်းကြောင့် ခရီးသွားမိတ်ဆွေတို့၏ အဖိုးတန် အားလပ်ချိန်များ အလဟဿ ဖြစ်ကုန်သည့်ပြဿနာ ၊ ပိတ်ရက်ကာလ တည်းခိုရန် နေရာ အခက်အခဲပြဿနာ စသည်တို့ မရှိစေရန် ညပိုင်းတွင် ခရီးထွက်ဖို့ စီစဉ်ထားခြင်း ဖြစ်ပါသည် ။


ထပ်မံသိလိုသည်များကို လက်မှတ်အရောင်းဌာနများ (အထက်ဖော်ပြပါဖုန်းနံပါတ်များ) တွင် မေးမြန်းနိုင်ပါသည် ။

အသေးစိတ်အစီအစဉ်ကို ထပ်မံကြေငြာပါမည် ။


မေတ္တာဖြင့်-

ဓမ္မဒူတ(ကိုရီးယား)