Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Saturday, January 12, 2013

ဓမ္မဒူတ ဆောင်းရာသီ ရေခဲတောင် အပမ်းဖြေခရီး လိုက်ပါမည့် ညီအစ်ကိုမောင်နှမများထံသို့

ဇန္နဝါရီ ၁၂ ၊ အင်ချောန်း ။
ဓမ္မဒူတဗုဒ္ဓသာအသင်း (ကိုရီးယား) အနေဖြင့် ၂၀၁၃-ခုနှစ် ၊ ဆောင်းရာသီ ရေခဲတောင် အပမ်းဖြေခရီးအဖြစ် မနက်ဖြန် ဇန္နဝါရီလ ၁၃ ရက်နေ့တွင် ဂန်ဝေါန်ဒို (Ganweon Do) သို့ ထွက်ခွါရန် စီစဉ်ထားပါသည် ။

အဆိုပါ မေတ္တာခရီးစဉ်လိုက်ပါရန် အမည်စာရင်းပေးသွင်းထားသူများ မနက်ဖြန် (ဇန်-၁၃) နံနက် ၇ နာရီခွဲ အချိန် ၊ ဓမ္မဒူတ (ကိုရီးယား)သို့ မပျက်မကွက် ကြွရောက်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံ အသိပေးအပ်ပါသည် ။

နံနက် ၇နာရီ ၄၀ မိနစ် တိတိတွင် ကားများစတင်ထွက်ခွါပါမည် ။

အမည်စာရင်းပေးထားပြိး ၊ အကြောင်းအမျိုးမျိုးကြောင့် လိုက်ပါခြင်း မပြုနိုင်သူများ ၊ ယနေ့ည ၈ နာရီ နောက်ဆုံးထားပြီး ကြိုတင် အသိပေးကြပါရန်လည်း ထပ်လောင်း၍ မေတ္တာရပ်ခံအပ်ပါသည် ။


လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)

Tuesday, October 9, 2012

ရွှေ့ပြောင်းလုပ်သားများ အခမဲ့ ဆေးစစ် ၊ ဆေးထိုး ၊ ဆေးကု အစီအစဉ်

အောက်တိုဘာ ၉ ၊ အင်ချောန်း

ရွှေ့ပြောင်းလုပ်သမားများ ကျန်းမာရေးစင်တာ (이주노동자건강센터) နှင့် ဓမ္မဒူတ(ကိုရီးယား) တို့၏ ညှိနှိုင်းချက်အရ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်အဖြစ် လာမည့် အောက်တိုဘာ ၂၈ ရက်နေ့(တနင်္ဂနွေနေ့) နေ့လည် ၁၁ နာရီမှ ၃ နာရီထိ အောက်ဖော်ပြပါ ရောဂါများကို အခမဲ့ ကာကွယ် ၊ စစ်ဆေး ၊ ကုသပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် -
ကာကွယ်ရေး အစီအစဉ်-
- တုတ်ကွေးကာကွယ်ဆေး (လူဦးရေ ၂၀၀ ကိုသာ ၊ ဦးရာလူစနစ်)

စစ်ဆေးပေးမည့်ရောဂါများ
- ကင်ဆာ ၊ အေအိုင်ဒီအက်စ် ၊ ဆီး၊ ဝမ်း ၊ သွေးသလိပ် နှင့် ရောဂါစုံ (ဓါတ်မှန် ၊ အစာလမ်းကြောင်းကင်မရာ အပါအဝင်)

မှတ်ချက် ။
အစာလမ်းကြောင်း ကင်မရာရိုက်မည့်သူ ၃၀ ဦးသာ ကန့်သတ်ထားပါသည်။ ၁၂ နာရီကြိုတင်၍ အစာရှောင်ထားကြပါရန် ။

ကုသပေးမည့်ရောဂါများ
- ခေါင်းကိုက်ခြင်း
- ယားယံခြင်း
- မူးဝေခြင်း
- ပုခုံး/ခြေ /လက်/ ခါး/ ဒူးစသည် ယောင်ယမ်းခြင်း/နာခြင်း/ လှုပ်ရှားမှုခက်ခဲခြင်း
- အာရုံကြော နှင့် ခါးရိုးအစရှိသည့် ဝေဒနာများ
- အစာအိမ်ရောဂါ အစရှိသည့် ဝေဒနာများ
-သွားနှုတ် ၊ သွားဖါ ၊ သွားခြစ်

နေရာ
ဘူဂဲမူလတန်းကျောင်း (부평구 부개초등학교)

စုရပ်
ဓမ္မဒူတ(ကိုရီးယား) မှ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် စုစည်းပြီး ဆေးကုစင်တာသို့ ထွက်ခွါပါမည် ။ (ဆေးကုစင်တာသို့ သွားတတ်သူများ မိမိအစီအစဉ်ဖြင့် သွားရောက်နိုင်ပါသည် ။)

စာရင်းပေးသွင်းရမည့်အချိန်နှင့်နေရာ
ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက် ၊ အောက်တိုဘာ ၁၂ ရက်ညနေ ၄ နာရီနောက်ဆုံးထားပြီး 010-2331-2457 ထံ စာရင်းပေးသွင်းကြပါရန် ။


ကျန်းမာချမ်းသာကြပါစေ-
ဓမ္မဒူတ(ကိုရီးယား)