Thursday, February 7, 2013

ဓမ္မဒူတ ကိုရီးယားနှစ်သစ်ကူးအလှူတော်များဖိတ်ကြားလွှာ

ဓမ္မဒူတ ကိုရီးယားနှစ်သစ်ကူးအလှူတော်များဖိတ်ကြားလွှာ
ဖေဖေါ်ဝါရီ ၇ ၊ အင်ချောန်း ။
ခရာစ်နှစ်-၂၀၁၃ခုနှစ်ဖေဖေါ်ဝါရီလ၉,၁၀,၁၁ ရက် (မြန်မာရက် ၁၃၇၄ခုနှစ် ပြာသိုလပြည့်ကျော် ၁၄ ၊ ၁၅ နှင့် တပို့တွဲလဆန်း ၁ ရက်) နေ့တွင်များတွင်ကျရောက်သည့် ကိုရီးယားနှစ်- ၄၃၄၆ခုနှစ် နှစ်သစ်ကူးအခါသမယတွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများက ၊ ဓမ္မဒူတစင်တာ(ကိုရီးယား) တွင် အောက်ပါအစီအစဉ်များအတိုင်း၊ အာဟာရဒါန လှူဒါန်းကြမည်ဖြစ်ရာ ၊ ကြွရောက် သုံးဆောင်တော်မူကြခြင်းဖြင့် ကုသိုလ်တော် ယူတော်မူကြပါရန် လေးစားစွာ ဖိတ်မန္တကပြုအပ်ပါသည် -

၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ၉ ရက်(စနေနေ့)
အရုဏ်ဆွမ်းအလှူရှင် - ဂုံဂျီအမ်လူငယ်များ
အာဟာရ - မြန်မာမုန့်ဟင်းခါး
နေ့ဆွမ်းအလှူရှင် - ဂုံဂျီအမ်လူငယ်များ
အာဟာရ - မြန်မာထမင်း မြန်မာဟင်း
*****

၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ ၁၀ ရက်(တနင်္ဂနွေနေ့)
အရုဏ်ဆွမ်းအလှူရှင် - ဓမ္မဒူတ (ကိုရီးယား) လူငယ်များ
အာဟာရ - ရှမ်းခေါက်ဆွဲ (ရှယ်ထူး)
နေ့ဆွမ်းအလှူရှင် - ကိုရဲ ၊ ကိုထွန်းဇော် ၊ ဖိုးလှမင်း ၊ ကိုသော်သော် ၊ ကိုနေအောင် ၊ ကိုဝင်းကို နှင့် ချင်းကူများ
အာဟာရ - ပဲခူးထမင်း နှင့် ပဲခူးရိုးရာ ဟင်း
*****

၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ ၁၁ ရက်(တနင်္လာနေ့)
အရုဏ်ဆွမ်းအလှူရှင် - မြန်မာသူကြီး နှင့် မြိတ်လူငယ်များ
အာဟာရ - မြိတ်အာဟာရ
နေ့ဆွမ်းအလှူရှင် - မြန်မာသူကြီး နှင့် မြိတ်လူငယ်များ
အာဟာရ - သူကြီးထမင်း သူကြီးဟင်း
*****


ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု ။

ဓမ္မဒူတ (ကိုရီးယား)

No comments: