Wednesday, April 25, 2012

ရေညှိထမင်းလိပ် သင်တန်းအချိန်ဇယားပြောင်း ၊ သင်တန်းသားအမည်စာရင်းအတည်ပြုချက်ပေးရန်လို

ဆောအူးလ် ၊ ဧပြီ ၂၅
ဧပြီလ ၂၉ ရက် ၊ တနင်္ဂနွေနေ့ တွင် ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ အတွက် ဓမ္မဒူတယဉ်ကျေးမှုအသင်း နှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်း ဖွင့်လှစ်မည့် ကိုရီးယားရေညှိထမင်းလိပ် စီးပွါးဖြစ်ပြုလုပ်နည်းသင်တန်း အချိန်ဇယားကို အောက်ပါအတိုင်း ပြင်ဆင်လိုက်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် -
သင်တန်းနေ့ရက်-
- ဧပြီလ ၂၉ ရက် ၊ တနင်္ဂနွေနေ့
သင်တန်းအချိန်-
- နံနက် ၈ နာရီ ၃၀ မှ ညနေ ၅ နာရီထိ
- နံနက်စာ ၊ နေ့လည်စာ ၊ ညစာ အခမဲ့ ကျွေးမွေးပါမည် ။
- နံနက် ၇ နာရီ ၃၀ မိနစ် တိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ။
အထူးပြုမှတ်ချက်-
- သင်တန်းသားများအချင်းချင်း ၊ သင်တန်းသားများနှင့် သင်တန်းစီစဉ်သူများ ချစ်ကြည်ရင်းနှီးမှုရရှိရေး အစီအစဉ်တိုးလာသဖြင့် ၊ ဓမ္မဒူတမှ စတင်ထွက်ခွါချိန်ကို ရှေ့တိုး ပြင်ဆင်လိုက်ရခြင်းဖြစ်ပါသည် ။
- ရှေ့တိုးလိုက်သည့် အစီအစဉ်အဖြစ် သင်တန်းတွင် နံနက်စာ အတူသုံးဆောင်ကြပြီး ၊ အချင်းချင်း မိတ်ဆက်ခြင်းနှင့် အလ္လာပသလ္လာပ စကားဝိုင်းအစီအစဉ် ပါရှိလာပါသည် ။
- နံနက် ထွက်ခွါချိန် ပြင်ဆင်လိုက်သည့် အချိန်ဇယားအရ သင်တန်းသို့ အမှန်တကယ်တက်ရောက်နိုင်ခြင်းရှိမရှိ 010-3719-2474 ထံ အမြန်ဆုံး အတည်ပြုချက်ပေးကြပါရန် မေတ္တာရပ်ခံပါသည် ။
လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

Monday, April 9, 2012

Sunday, April 8, 2012

ကိုရီးယားရေညှိထမင်းလိပ် စီးပွါးဖြစ်ပြုလုပ်နည်း သင်တန်းဖွင့်မည်

ဆောအူးလ် ၊ ဧပြီ ၈
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ ကိုရီးယားရေညှိထမင်းလိပ် စီးပွါးဖြစ်ပြုလုပ်နည်းသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -
သင်တန်းနေရာ
- ၈ျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)
သင်တန်းနေ့ရက်
- ဧပြီလ ၂၉ ရက် ၊ တနင်္ဂနွေနေ့
သင်တန်းအချိန်
- နံနက် ၉ နာရီ ၃၀ မှ ညနေ ၅ နာရီထိ
- နေ့လည်စာ ၊ ညစာ အခမဲ့ ကျွေးမွေးပါမည် ။
- နံနက် ၈ နာရီတိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ ၅နာရီခွဲ ညစာစားပြီး ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ (၂၀) သာ ကန့်သတ်ထားပါသည် ။
- စိတ်ပါဝင်စားသူများ 010-2331-2457 ထံ ဧပြီလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြရန် ဖြစ်ပါသည် ။
- အမှန်တကယ်တက်ရောက်နိုင်မည့်သူများသာ စာရင်းပေးသွင်းကြပါရန် နှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင် (အချိန်ပိုဆင်းရမည့် ၊ မနက်စောစော အိပ်ရာမထနိုင် ၊ အရေးကြီးကိစ္စပေါ်တတ်) သူများ အရန်သင်တန်းသားအဖြစ်သာ စာရင်းပေးသွင်းကြပါရန်မေတ္တာရပ်ခံပါသည် ။
လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

Tuesday, April 3, 2012

မိခင်ကြီးနှစ်လည်ဆွမ်း အလှူ ဖိတ်ကြားစာ

ဆူဝေါန် ၊ ဧပြီ ၃
လွန်ခဲ့သော ၁ နှစ်က ဘဝတစ်ပါးပြောင်းသွားသည့် ကျနော် မောင်ဘိုဘို (ဆူဝေါန်) ၏ ချစ်လှစွာသော မိခင်ကြီး အား ရည်စူး၍ ၊ မြတ်စွာဘုရားအမှူးရှိသော သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းအာဟာရ ဆက်ကပ်လှူဒါန်းပြီး ကုသိုလ်ပြု အမျှအတန်းပေးဝေ လိုပါသဖြင့် ကြွရောက် ကုသိုလ်ယူတော်မူကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည် ။
ရက်စွဲ
၂၀၁၂ခုနှစ် ဧပြီလ ၈ ရက် (တနင်္ဂနွေနေ့)
အချိန်
နံနက် ၆ နာရီ ၃၀ မိနစ်မှ နေ့လည် ၁ နာရီ ၃၀ မိနစ်ထိ
နေရာ
ဓမ္မဒူတကျောင်း(ကိုရီးယား) (Click Here)
မှတ်ချက် ။
အလှူတော်ရေစက်ချ ၊သာဓုအနုမောဒနာပြု ဆုတောင်း အမျှအတန်းပေးဝေခြင်းကို အရုဏ်ဆွမ်းကပ်အပြီး ၊ နံနက် ၉ နာရီတိတိတွင် ပြုလုပ်ပါမည် ။
မေတ္တာဖြင့် -
ဘိုဘို နှင့် ညီအစ်ကို မိတ်ဆွေများ