Showing posts with label သတင်းစုံ. Show all posts
Showing posts with label သတင်းစုံ. Show all posts

Wednesday, May 8, 2013

ကိုရီးယားအစိုးရအသိအမှတ်ပြု ကိုရီးယားစားဖိုမှူး သင်တန်းဖွင့်မည်

အင်ချောန်း ၊ မေ ၉

ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ ကိုရီးယားအစိုးရအသိအမှတ်ပြု စားဖိုမှူး သင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -

သင်တန်းနေရာ
- ၈ျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)

သင်တန်းကာလ (၆-လ)
- တနင်္ဂနွေ တစ်ပတ်ခြား (တစ်လ၂-ရက်)

သင်တန်းအချိန်
- နံနက် ၉ နာရီ ၃၀ မှ ညနေ ၄ နာရီထိ

- နေ့လည်စာ အခမဲ့ ကျွေးမွေးပါမည် ။
- နံနက် ၈ နာရီတိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ သင်တန်းချိန်ပြီးပါက ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ ကန့်သတ်ထားပါသည် ။
- အမှန်တကယ်တတ်မြောက်လိုသူများ နစ်နာမှုမရှိစေရေးနှင့် သင်တန်းစီစဉ်သူများ အနှောက်အယှက် မဖြစ်စေရေးအတွက် အမှန်တကယ်တက်ရောက်နိုင်မှသာ အမည်စာရင်းပေးသွင်းပါရန်မေတ္တာရပ်ခံပါသည် ။
- မိမိဦးစားပေးသင်ယူလိုသော (အချက်အပြုတ်) အမျိုးအမည်များအဆိုပြုနိုင်ပါသည် ။

- စိတ်ပါဝင်စားသူများ မေလ၂၀ ရက်နေ့ နောက်ဆုံးထားပြီး 010-2331-2457 ထံ စာရင်းပေးသွင်းကြရန် ဖြစ်ပါသည် ။

လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

Thursday, February 7, 2013

၄၃၄၆-ခုနှစ် ၊ ကိုရီးယားနှစ်သစ်ကူး ဓမ္မသဘင် ၊ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်မည်

၄၃၄၆-ခုနှစ် ၊ ကိုရီးယားနှစ်သစ်ကူး ဓမ္မသဘင် ၊ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်မည်
ဖေဖေါ်ဝါရီ ၇ ၊ အင်ချောန်း ။
ကိုရီးယားနှစ်- ၄၃၄၆-ခုနှစ် ကိုရီးယားနှစ်သစ်ကူးအခါသမယ (၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ၉ နှင့် ၁၀ ရက်များ) တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများအတွက် ၊ အထူးဓမ္မသဘင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းနှင့် ၊ ဓမ္မသဘင်သို့ ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ကြွရောက်ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည် ။

ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒ ၏ ၊ ၄၃၄၆-ကိုရီးယားနှစ်သစ်ကူး ဓမ္မဒူတအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ၉ ရက်(စနေနေ့)အစီအစဉ်
- နံနက် ၈ နာရီ ၂၅ မိနစ်တွင် ကိုရီးယားသို့ ရောက်ရှိတော်မူမည် ။
- နေ့လယ် ၁၁ နာရီ၁၅ မိနစ်တွင် ၊ ဂုံဂျီအမ်လူငယ်များမှ လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊ သာဓုအနုမောဒနာ(ရေစက်ချ) တရား ချီးမြှင့်တော်မူပါမည် ။
- ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ၊ ဓမ္မဒူတစင်တာတွင် ၊ ကိုရီးယားနှစ်ကူးညချမ်းတရားဆွေးနွေးပွဲ (မေး ၊ဖြေ)ကျင်းပပါမည် ။

၂၀၁၃-ခုနှစ်ဖေဖေါ်ဝါရီလ ၁၀ ရက်(တနင်္ဂနွေနေ့) အစီအစဉ်
- နံနက် ၆ နာရီ ၄၅ မိနစ်တွင် ဓမ္မဒူတ (ကိုရီးယား) လူငယ်များ ၏ အရုဏ်ဆွမ်းအလှူ ၊ နေ့လယ် ၁၁ နာရီ၁၅ မိနစ်တွင် ပဲခူး လူငယ်များ၏ နေ့ဆွမ်းအလှူတို့ကို ချီးမြှင့်တော်မူပါမည် ။
- နေ့လည် ၁ နာရီ ၁၅မိနစ် မှ နေ့လည် ၃ နာရီထိ ကိုရီးယားနှစ်သစ်အထူးဓမ္မသဘင်တွင် ဓမ္မလက်ဆောင်များ ဟောကြားချီးမြှင့်တော်မူပါမည် ။
- ညနေ ၃ နာရီ ၃၀ မိနစ်တွင် ၊ ကိုရီးယားမှ မြန်မာပြည်သို့ ပြန်လည် ကြွချီတော်မူပါမည် ။

ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု ။
ဓမ္မဒူတ (ကိုရီးယား)

Wednesday, November 14, 2012

ဒုတိယအကြိမ် ကိုရီးယားကင်ချီ လက်တွေ့ပြုလုပ်နည်း သင်တန်းဖွင့်မည်

အင်ချောန်း ၊ နိုဝင်္ဘာလ ၁၄
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းမှုတို့အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ ဒုတိယအကြိမ် ကင်ချီလက်တွေ့ ပြုလုပ်နည်းသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -
သင်တန်းနေရာ
- ၈ျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)
သင်တန်းနေ့ရက်
- နိုဝင်္ဘာလ ၂၅ ရက် ၊ တနင်္ဂနွေနေ့
သင်တန်းအချိန်
- နံနက် ၉ နာရီ ၃၀ မှ ညနေ ၆ နာရီထိ
- နေ့လည်စာ ၊ ညစာ အခမဲ့ ကျွေးမွေးပါမည် ။
- နံနက် ၈ နာရီတိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ ၅နာရီခွဲ ညစာစားပြီး ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ (၂၀) သာ ကန့်သတ်ထားပါသည် ။
- စိတ်ပါဝင်စားသူများ 010-2331-2457 ထံ နိုဝင်္ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြရန် ဖြစ်ပါသည် ။
လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

Thursday, November 1, 2012

ကချင်လူထုကို သိန်း ၁ ထောင်ကျော်ဖိုး အရှင်ဆေကိန္ဒ လှူဒါန်း

2012-11-01
စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်နယ် ဒေသခံပြည်သူတွေကို ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒက ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ စောင်နဲ့ အလှူငွေအပါအဝင် စုစုပေါင်းငွေကျပ် သိန်း ၁ ထောင်ကျော်ဖိုး မနေ့က လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာကျင်းပတဲ့ ပူတာအိုနဲ့မြစ်ကြီးနားခရိုင်က စစ်ဘေးရှောင်ပြည်သူတွေကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပဋိပတ္တိမဟာဋ္ဌာန ဋ္ဌာနမှူး ပါမောက္ခဆရာတော် အရှင်ဆေကိန္ဒနဲ့ တပည့်ဒါယိကာ၊ ဒါယိကာမတွေ စုပေါင်းလှူဒါန်းတဲ့ အခမ်းအနားမှာ ကချင်ပြည်နယ် သာသနာရေးဦးစီးဋ္ဌာန ဦးစီးမှူး ဦးစိုးတင့်က လှူဒါန်းတဲ့စာရင်း အသေးစိပ်ကို ကြေငြာခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ဆရာတော်အရှင်ဆေကိန္ဒက ကချင်ပြည်နယ်မှာ စစ်ပွဲတွေရပ်စဲရေးအတွက် မေတ္တာတရားဟောကြားခဲ့ပါတယ်။

ဒါ့အပြင် ဆရာတော်ဟာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သာဂရသရက်တော ဘုန်းတော်ကြီး ကယ်ဆယ်ရေးစခန်း၊ ချမ်းမြေ့သီလရှင်စာသင်ကျောင်းနဲ့ မိုင်းနားကျေးရွာက စိန့်ဂျိုးဇက် ကက်သလစ် အသင်းတော် ကယ်ဆယ်ရေးစခန်းတွေကိုလည်း မနေ့က သွားရောက်ပြီး အဲဒီ့စခန်းတွေက ကလေး လူကြီးအားလုံးကို ငွေကျပ် ၁ ထောင်စီ ထပ်လောင်းလှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။ ဆရာတော်ဟာ ဒီခရီးစဉ်အတွင်း အံတော်ရှင်ဘုန်းတော်ကြီးစာသင်ကျောင်း၊ ဝန်းသိုကျောင်းတိုက် ကယ်ဆယ်ရေးစခန်း နဲ့ Green Happy Land မိဘမဲ့ကျောင်းတို့ကို သွားရောက်မယ်လို့လည်း သတင်းရရှိပါတယ်။


Sources:
http://www.rfa.org/burmese/news/protect_farmers-11012012041717.html/donation-11012012042720.html

Sunday, October 28, 2012

ကြာကျန်းမြောင်(ပဲခေါက်ဆွဲ) သင်တန်း ပြီးဆုံး


၂၀၁၂ခုနှစ် အောက်တိုဘာ ၂၈ ကြာကျန်းမြောင် (ပဲခေါက်ဆွဲ)သင်တန်းမှတ်တမ်းပုံများ (ဓါတ်ပုံ-ကိုကိုဇာနည်)

Tuesday, October 9, 2012

ရွှေ့ပြောင်းလုပ်သားများ အခမဲ့ ဆေးစစ် ၊ ဆေးထိုး ၊ ဆေးကု အစီအစဉ်

အောက်တိုဘာ ၉ ၊ အင်ချောန်း

ရွှေ့ပြောင်းလုပ်သမားများ ကျန်းမာရေးစင်တာ (이주노동자건강센터) နှင့် ဓမ္မဒူတ(ကိုရီးယား) တို့၏ ညှိနှိုင်းချက်အရ ကိုရီးယားနိုင်ငံရောက် မြန်မာအလုပ်သမားများ ကျန်းမာရေး စောင့်ရှောက်မှုအစီအစဉ်အဖြစ် လာမည့် အောက်တိုဘာ ၂၈ ရက်နေ့(တနင်္ဂနွေနေ့) နေ့လည် ၁၁ နာရီမှ ၃ နာရီထိ အောက်ဖော်ပြပါ ရောဂါများကို အခမဲ့ ကာကွယ် ၊ စစ်ဆေး ၊ ကုသပေးသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည် -
ကာကွယ်ရေး အစီအစဉ်-
- တုတ်ကွေးကာကွယ်ဆေး (လူဦးရေ ၂၀၀ ကိုသာ ၊ ဦးရာလူစနစ်)

စစ်ဆေးပေးမည့်ရောဂါများ
- ကင်ဆာ ၊ အေအိုင်ဒီအက်စ် ၊ ဆီး၊ ဝမ်း ၊ သွေးသလိပ် နှင့် ရောဂါစုံ (ဓါတ်မှန် ၊ အစာလမ်းကြောင်းကင်မရာ အပါအဝင်)

မှတ်ချက် ။
အစာလမ်းကြောင်း ကင်မရာရိုက်မည့်သူ ၃၀ ဦးသာ ကန့်သတ်ထားပါသည်။ ၁၂ နာရီကြိုတင်၍ အစာရှောင်ထားကြပါရန် ။

ကုသပေးမည့်ရောဂါများ
- ခေါင်းကိုက်ခြင်း
- ယားယံခြင်း
- မူးဝေခြင်း
- ပုခုံး/ခြေ /လက်/ ခါး/ ဒူးစသည် ယောင်ယမ်းခြင်း/နာခြင်း/ လှုပ်ရှားမှုခက်ခဲခြင်း
- အာရုံကြော နှင့် ခါးရိုးအစရှိသည့် ဝေဒနာများ
- အစာအိမ်ရောဂါ အစရှိသည့် ဝေဒနာများ
-သွားနှုတ် ၊ သွားဖါ ၊ သွားခြစ်

နေရာ
ဘူဂဲမူလတန်းကျောင်း (부평구 부개초등학교)

စုရပ်
ဓမ္မဒူတ(ကိုရီးယား) မှ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် စုစည်းပြီး ဆေးကုစင်တာသို့ ထွက်ခွါပါမည် ။ (ဆေးကုစင်တာသို့ သွားတတ်သူများ မိမိအစီအစဉ်ဖြင့် သွားရောက်နိုင်ပါသည် ။)

စာရင်းပေးသွင်းရမည့်အချိန်နှင့်နေရာ
ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အတွက် ၊ အောက်တိုဘာ ၁၂ ရက်ညနေ ၄ နာရီနောက်ဆုံးထားပြီး 010-2331-2457 ထံ စာရင်းပေးသွင်းကြပါရန် ။


ကျန်းမာချမ်းသာကြပါစေ-
ဓမ္မဒူတ(ကိုရီးယား)

Thursday, September 27, 2012

ဓမ္မဒူတ ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ ကိုရီးယား ချူးဆောက် (၂၀၁၂) ဓမ္မဒူတခရီးစဉ် ပြင်ဆင်


ယခုလာမည့် ချူးဆောက်ကာလ (စက်တင်္ဘာ ၂၉ ၊ ၃၀ ၊ အောက်တိုဘာ ၁) အတွင်း ကိုရီးယားနိုင်ငံသို့ ကြွရောက်ချီးမြှင့်တော်မူမည့် ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒ၏ ဓမ္မဒူတခရီးစဉ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်း ပြင်ဆင်ကြေညာအပ်ပါသည်-


၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၉ ရက် (စနေနေ့)
နံနက်ပိုင်း ၊ ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅မိနစ်တွင် ဓမ္မဒူတ(ကိုရီးယား) ၌ ၊ ဒေါ်စန်း(မိုးညှင်း)နှင့် ရွှေကချင်ညီနောင်များ (ကိုရီးယား) လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပါမည်။
ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဒုလ္လဘ ရဟန်းလောင်းများ သာမဏေရ ပဗ္ဗဇ္ဖ မင်္ဂလာသို့ ချီးမြှောက်တော်မူပါမည် ။
ည ၈ နာရီ အချိန်တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာပညာတော်သင် ကျောင်းသား ကျောင်းသူများ၏ အထူးဓမ္မသဘင်ကို ချီးမြှင့်တော်မူပါမည် ။

၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၃၀ ရက် (တနင်္ဂနေ့)
နံနက် ၆နာရီ ၄၅မိနစ် အချိန်တွင် ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်းက လှူဒါန်းမည့် အရုဏ်ဆွမ်း အလှူခံပါမည် ။
နံနက် ၈ နာရီ ၈ မိနစ်အချိန်တွင် ၊ ဒုလ္လဘရဟန်းလောင်းများ ဥပသမ္ဘဒကံဆောင်ပွဲ (သိမ်တက်ပွဲ) ချီးမြှောက်တော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ၊ မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများ၏ နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊ နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် တတိယအကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာနှင့် ၊ သတ္တမအကြိမ်ဒုလ္လဘရဟန်းခံပွဲသာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပါမည် ။
ညနေ ၅ နာရီတွင် ၊ ဓမ္မဒူတ(ကိုရီးယား)မှ မြန်မာပြည်သို့ ပြန်လည် ကြွချီတော်မူပါမည် ။


ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၇ ရက် ။

Saturday, September 22, 2012

ကိုရီးယား ကစားစရာပစ္စည်းများနှင့် ကိုရီးယားရိုးရာ မင်္ဂလာမုန့် လက်တွေ့ပြုလုပ်နည်းသင်တန်း ၊ စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်

ဆောအူးလ် ၊ စက်တင်္ဘာ ၂၂
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းမှုတို့အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ ကိုရီးယား ကစားစရာပစ္စည်းများနှင့် ကိုရီးယားရိုးရာ မင်္ဂလာမုန့် လက်တွေ့ပြုလုပ်နည်းသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -
သင်တန်းနေရာ
- ၈ျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)
သင်တန်းနေ့ရက်
- အောက်တိုဘာ ၁ ရက် ၊ တနင်္လာနေ့ (ချူးဆောက်ပိတ်ရက် ဒုတိယနေ့)
သင်တန်းအချိန်
- နေ့လည် ၂ နာရီမှ ည ၈ နာရီ ထိ
- ညနေစာစာ အခမဲ့ ကျွေးမွေးပါမည်
- နေ့လည် ၁၂ နာရီ၃၀ မိနစ် တိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ သင်တန်းပြီးလျင် ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ (၂၀) သာ ကန့်သတ်ထားပါသည် ။
- စိတ်ပါဝင်စားသူများ 010-2331-2457 ထံ အမြန်ဆုံးစာရင်းပေးသွင်းကြစေလိုပါသည် ။

လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

Thursday, September 20, 2012

ကိုရီးယားချူးဆောက်(၂၀၁၂) ပိတ်ရက် ၊ ဆရာတော်ကြီး ဒေါက်တာအရှင်ဆေကိန္ဒ ကိုရီးယား ဓမ္မဒူတခရီး ကြွရောက်ချီးမြင့်တော်မူမည်


ဓမ္မဒူတ (ကိုရီးယား)၏ ပဓာန နာယကဆရာတော်ကြီး ဖြစ်တော်မူသော ဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒသည် ယခုလာမည့် ချူးဆောက်ကာလ (စက်တင်္ဘာ ၂၉ ၊ ၃၀ ၊ အောက်တိုဘာ ၁) အတွင်း ကိုရီးယားနိုင်ငံသို့ ဓမ္မဒူတခရီး ကြွရောက်ချီးမြှင့်တော်မူမည်ဖြစ်ကြောင်း နှင့် ဆရာတော်ကြီး၏ ဓမ္မဒူတခရီးစဉ်မှာ အောက်ပါအတိုင်းဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်-


၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၉ ရက် (စနေနေ့)
နံနက်ပိုင်း ၊ ကိုရီးယားနိုင်ငံသို့ ရောက်ရှိတော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅မိနစ်တွင် ဓမ္မဒူတ(ကိုရီးယား) ၌ ၊ ဓမ္မဒူတဝေယျာဝစ္စအဖွဲ့က လှူဒါန်းမည့် နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပါမည်။
ညနေ ၆ နာရီ ၃၀ မိနစ်အချိန်တွင် ဒုလ္လဘ ရဟန်းလောင်းများ သာမဏေရ ပဗ္ဗဇ္ဖ မင်္ဂလာသို့ ချီးမြှောက်တော်မူပါမည် ။
ည ၈ နာရီ အချိန်တွင် ၊ ကိုရီးယားနိုင်ငံရောက် မြန်မာပညာတော်သင် ကျောင်းသား ကျောင်းသူများ၏ အထူးဓမ္မသဘင်ကို ချီးမြှင့်တော်မူပါမည် ။

၂၀၁၁ ခုနှစ် စက်တင်္ဘာလ ၃၀ ရက် (တနင်္ဂနေ့)
နံနက် ၆နာရီ ၄၅မိနစ် အချိန်တွင် ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်းက လှူဒါန်းမည့် အရုဏ်ဆွမ်း အလှူခံပါမည် ။
နံနက် ၈ နာရီ ၈ မိနစ်အချိန်တွင် ၊ ဒုလ္လဘရဟန်းလောင်းများ ဥပသမ္ဘဒကံဆောင်ပွဲ (သိမ်တက်ပွဲ) ချီးမြှောက်တော်မူပါမည် ။
နေ့လည် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင် ၊ မြန်မာသူကြီးမိသားစုနှင့် မြိတ်သူမြိတ်သားများ၏ နေ့ဆွမ်းအလှူကို ချီးမြှောက်တော်မူပြီး ၊ နေ့လည် ၁ နာရီ ၃၀မိနစ်အချိန်တွင် တတိယအကြိမ် နိဗဒ္ဓအလှူရှင်များ အလှူတော်ရေစက်ချမင်္ဂလာနှင့် ၊ သတ္တမအကြိမ်ဒုလ္လဘရဟန်းခံပွဲသာဓုအနုမောဒနာတရား ချီးမြှင့်တော်မူပါမည် ။


၂၀၁၂ခုနှစ် အောက်တိုဘာလ ၁ ရက် (တနင်္လာနေ့)
နံနက် ၆နာရီ ၄၅ မိနစ်အချိန်တွင် ၊ ဒေါ်စန်း(မိုးညှင်း)နှင့် ရွှေကချင်ညီနောင်များ (ကိုရီးယား) ကလှူဒါန်းမည့် အရုဏ်ဆွမ်းအလှူတော်ကိုလည်းကောင်း ၊ နေ့လည် ၁၁နာရီ ၁၅မိနစ်အချိန်တွင် နေ့ဆွမ်းအလှူတော်ကို လည်းကောင်း ချီးမြှောက်တော်မူပါမည် ။
နေ့လည် ၁နာရီ ၃၀မိနစ် အချိန်တွင် ၊ ၂၀၁၂ခုနှစ် ချူးဆောက် အထူးတရားပွဲကို ချီးမြှင့်တော်မူပြီး ညနေ ၅ နာရီတွင် ၊ ဓမ္မဒူတ(ကိုရီးယား)မှ မြန်မာပြည်သို့ ပြန်လည် ကြွရောက်တော်မူပါမည် ။



ဗုဒ္ဓသာသနံစီရံတိဋ္ဌတု ။

ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ခုနှစ် စက်တင်္ဘာလ ၂၀ ရက် ။

Saturday, September 15, 2012

ဓမ္မဒူတ (ကိုရီးယား) ၂၀၁၂-ချူးဆောက် ပိတ်ရက်ကာလ စုပေါင်းဒုလ္လဘ ရဟန်းခံပွဲကျင်းပမည်

ဓမ္မဒူတယဉ်ကျေးမှုအသင်း(ကိုရီးယား)အနေဖြင့် ၊ ၂၀၁၂ခုနှစ် ကိုရီးယားနိုင်ငံ ချူးဆောက် ပိတ်ရက်ရှည် ( ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၂၉ ၊ ၃၀ ၊ အောက်တိုဘာ၁ ) ကာလ အတွင်း သတ္တမအကြိမ်မြောက် စုပေါင်း ဒုလ္လဘ ရဟန်းခံပွဲ ကျင်းပမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါသည် ။

မြိတ်အသင်းသူအသင်းသားများ(ကိုရီးယား) က အဆိုပါ စုပေါင်းဒုလ္လဘ ရဟန်းခံပွဲ၏ ပင်မ ရဟန်းဒါယကာ ဒါယိကာမများ အဖြစ် ချီးမြှောက် ထောက်ပံ့လှူဒါန်းကြမည်ဖြစ်ပါသည် ။

လောလောဆယ် ရဟန်းလောင်း ၁၀ ပါးရရှိထားပြီး ၊ ဒုလ္လဘ ရဟန်းခံလိုသူများ သို့မဟုတ် ရဟန်း ဒါယကာ ဒါယိကာမများအဖြစ် ပါဝင်ချီးမြှောက်လိုသူများ ၊ ပင်မအလှူရှင် (မြန်မာသူကြီးမိသားစု ၀၁၀-၈၃၃၀-၁၇၉၂)ထံ မေးမြန်းနိုင်ကြပါသည် ။

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ၊ စက်တင်္ဘာလ ၁၅ ရက်

Monday, September 3, 2012

အပမ်းဖြေရင်း ကုသိုလ်ယူခဲ့ကြသော ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က ကျေးဇူးတင်

လွန်ခဲ့သည့် ရက်သတ္တပတ် ဓမ္မဒူ နွေရာသီအပမ်းဖြေခရီးစဉ် (၃/၂၀၁၂) (강원도)ဒေသ အပမ်းဖြေခရီး တွင် လိုက်ပါခဲ့ကြသော အောက်ဖော်ပြပါ ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က အထူးကျေးဇူးတင်ရှိကြောင်း မှတ်တင်းတင် ဂုဏ်ပြုဖော်ပြအပ်ပါသည်-
- ကိုအောင်မျိုးသူ(ကောန်ဂု-ဂ် ယူနီဗာစီတီ) နှင့် အဖွဲ့
- ကိုဝင်းလှိုင် (ဂလိုဗယ်တော့-ပ်) နှင့်အဖွဲ့
လူကြီးမင်းတို့ ပံ့ပိုးကူညီမှုဖြင့် ဆောင်ရွက်ခဲ့သော ဤအပမ်းဖြေခရီးစဉ်မှ ပိုလျှံငွေမှာ ဝမ် ၄ သိန်း (ဝမ်လေးသိန်းတိတိ) ဖြစ်ပြီး ၊ အဆိုပါ ပိုလျှံငွေများကို ဓမ္မဒူတ (ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့မှ တစ်ဆင့် ဓမ္မဒူတ(ကိုရီးယား)သို့ လှူဒါန်းပြီး ဖြစ်ပါကြောင်း နှင့် အပမ်းဖြေရင်း ကုသိုလ်ယူခဲ့ကြသော ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က အထူးကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ပြုအပ်ပါကြောင်း ။
လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် စက်တင်္ဘာလ ၉ ရက်

Saturday, August 11, 2012

ဓမ္မဒူတ(ကိုရီးယား) ၂၀၁၂ နွေရာသီအပမ်းဖြေခရီး ခရီးစဉ်(၃) ထွက်မည်

AUGUST 11, INCHEON
ဓမ္မဒူတ(ကိုရီးယား) အနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာညီအစ်ကိုမောင်နှမများ နှင့်အတူ လာမည့် သြဂုတ် ၂၅ /၂၆ ရက်များတွင် ဂန်ဝေါန်ဒို(강원도)သို့ အပမ်းဖြေခရီးထွက်မည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည် ။

လိုက်ပါလိုသူများ တစ်ဦးလျင် ခရီးစရိတ် (သွား / ပြန် ယာဉ်စရိတ်) ဝမ် ၅သောင်း နှုန်း သတ်မှတ်ထားပြီး ၊ အောက်ပါပုဂ္ဂိုလ်များထံ ယာဉ်နေရာများ ကြိုတင်မှာကြား ရယူနိုင်ပါသည် -


- 011-9360-1792 (Myanmar Thagyi)

- 010-4626-7571 (Sagawar)

- 010-9086-2290 (Mother’s House)

- 010-4303-0399 (Ywet Hla Aein)

- 010-2331-2457 (Teletalki)

ခရီးစဉ် မှာ -
သြဂုတ်၂၅ ည ၁၁ နာရီ တိတိတွင် ၊ ဘူဖြောင်းမြို့ ဓမ္မဒူတ စင်တာမှ ကားများစတင် ထွက်ခွါမည်ဖြစ်ပြီး ၊ သြဂုတ် ၂၆ နံနက် အရုဏ်တက်ချိန်တွင် ကမ္ဘာကျော် ဆောရတ်ဆန် (설악산) တောင်ခြေသို့ ဆိုက်ရောက်ရန် စီစဉ်ထားပြီး ၊ တောင်ခြေရှိ သမိုင်းဝင် မဟာဗုဒ္ဓရုပ်ပွါးတော်(대불)ကို ကြည်ညိုကြပြီး အမိမြန်မာပြည်အတွက် ဆုမွန်ကောင်းများတောင်းခြင်း ဆုတောင်းမေတ္တာပို့သခြင်းများ ပြုလုပ်ကြပါမည် ။
၎င်းနောက် ဆောရတ်ဆန်တောင်ထိပ်သို့ စက်လှေခါးဖြင့် တက်ရောက်ပြီး ကိုရီးယားနိုင်ငံ၏ တောပန်း တောင်စွယ် သဘာဝ အလှအပများကို ရှုမောရင်း လေကောင်းလေသန့်များကို တစ်ဝကြီး ရှူရှိုက်ခြင်းဖြင့် ကျန်းမာရေးဖြည့်တင်းကြပါမည်။
နေ့လည် ၁၂ နာရီကျော်အချိန် ဆုတ်ချိုပင်လယ်ကမ်းခြေ(속초해수욕장)သို့ ရောက်ရှိပြီး ၊ ကမ္ဘာကျော် ဆူပါအာဟာရ ပင်လယ်စာ (해물탕) ဖြင့် နေ့လည်စာသုံးဆောင်ကြပြီး ၊ ခေတ္တ အနားယူခါ ညနေ၄ နာရီမှ ၇နာရီထိ ပင်လယ်ကမ်းခြေ အလှအပများကို ရှုမောကြရင်း ပင်လယ်ရေငံလူး လှိုင်းစီးပြီး ၁ နှစ်စာ ပင်ပမ်းနွမ်းနယ်မှုများကို ဖြေဖျောက်ကြမည်ဖြစ်ပါသည် ။
ညနေပိုင်း ကမ်းခြေ ဖျော်ဖြေရေးအစီအစဉ်များကို ခေတ္တ ရှုစားပြီး ည ၁၀ နာရီတွင် ဆုတ်ချိုကမ်းခြေမှ ပြန်လည် ထွက်ခွါလာပြီး ၊ ၂၇ ရက်နေ့ နံနက် အရုဏ်တက်ချိန်တွင် ဓမ္မဒူတရင်ခွင်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ပါသည်။

ယခင်နှစ် များမှ အတွေ့အကြုံများ အရ ယာဉ်ကြော ပိတ်ဆို့ခြင်းကြောင့် ခရီးသွားမိတ်ဆွေတို့၏ အဖိုးတန် အားလပ်ချိန်များ အလဟဿ ဖြစ်ကုန်သည့်ပြဿနာ ၊ ပိတ်ရက်ကာလ တည်းခိုရန် နေရာ အခက်အခဲပြဿနာ စသည်တို့ မရှိစေရန် ညပိုင်းတွင် ခရီးထွက်ဖို့ စီစဉ်ထားခြင်း ဖြစ်ပါသည် ။


ထပ်မံသိလိုသည်များကို လက်မှတ်အရောင်းဌာနများ (အထက်ဖော်ပြပါဖုန်းနံပါတ်များ) တွင် မေးမြန်းနိုင်ပါသည် ။



မေတ္တာဖြင့်-

ဓမ္မဒူတ(ကိုရီးယား)

Thursday, August 9, 2012

အပမ်းဖြေရင်း ကုသိုလ်ယူခဲ့ကြသော ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က ကျေးဇူးတင်

လွန်ခဲ့သည့် ရက်သတ္တပတ် ဓမ္မဒူ နွေရာသီအပမ်းဖြေခရီးစဉ်များတွင် လိုက်ပါခဲ့ကြသော အောက်ဖော်ပြပါ ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က အထူးကျေးဇူးတင်ရှိကြောင်း မှတ်တင်းတင် ဂုဏ်ပြုဖော်ပြအပ်ပါသည်-
ပထမ ခရီးစဉ်(Jul28~29)မှ
ကိုလှထွန်းကျော် နှင့်အဖွဲ့
ကိုအောင်ကျော်ဖြိုး နှင့်အဖွဲ့
ကိုရန်နောင်ထွန်း နှင့်အဖွဲ့
ကိုရန်နောင်စိုး နှင့်အဖွဲ့
ကိုကောင်းထက် နှင့်အဖွဲ့
ကိုဘိုမော် နှင့်အဖွဲ့
ကိုမျိုးခိုင် နှင့်အဖွဲ့
ဒုတိယခရီးစဉ်(Aug 4~5)မှ
ကိုနိုင်ဝင်းထွန်း နှင့်အဖွဲ့
ကိုသက်မောင်မောင်ထွန်း နှင့်အဖွဲ့
ကိုခင်မောင်ဝင်း နှင့်အဖွဲ့
ကိုသန်းညီထွေး နှင့်အဖွဲ့
ကိုလင်းမင်း နှင့်အဖွဲ့
ကိုသုတ နှင့်အဖွဲ့
ကိုဝင်းထွဋ် နှင့်အဖွဲ့
ကိုကျော်ဇင်ဆန်းနှင့်အဖွဲ့
ကိုဖြိုးနိုင်စိုး နှင့်အဖွဲ့
ကိုစည်ဇော် နှင့်အဖွဲ့

လူကြီးမင်းတို့၏ ခရီးစဉ် ၂ ခုပေါင်းမှ ပိုလျှံငွေမှာ ဝမ် ၈ သိန်း (ဝမ်ရှစ်သိန်းတိတိ) ဖြစ်ပြီး ၊ အဆိုပါ ပိုလျှံငွေများကို ဓမ္မဒူတ (ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့မှ တစ်ဆင့် ဓမ္မဒူတ(ကိုရီးယား)သို့ လှူဒါန်းပြီး ဖြစ်ပါကြောင်း နှင့် အပမ်းဖြေရင်း ကုသိုလ်ယူခဲ့ကြသော ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကိုများအား ဓမ္မဒူတ(ကိုရီးယား)က အထူးကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ပြုအပ်ပါကြောင်း ထပ်လောင်းဖော်ပြအပ်ပါသည် ။
လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် သြဂုတ်လ ၉ ရက်

Saturday, July 21, 2012

ဟဲအွန်ဒဲ ပင်လယ်ကမ်းခြေ နွေရာသီ အပမ်းဖြေခရီး လိုက်ပါမည့် ညီအစ်ကိုမောင်နှမများထံသို့

ဇူလိုင် ၂၁ ၊ အင်ချောန်း
ဗုဒ္ဓသာအသင်း (ကိုရီးယား) အနေဖြင့် ၂၀၁၂-ခုနှစ် ၊ နွေရာသီခရီးစဉ် (၁) အဖြစ် လာမည့် ဇူလိုင် ၂၈/၂၉ ရက် ရက်များတွင် ကမ္ဘာကျော် ဘူဆန်မြို့ ဟဲအွန်ဒယ် ပင်လယ်ကမ်းခြေ (해운대해수욕장) သို့ နွေရာသီ အပန်းဖြေခရီး ထွက်ရန် စီစဉ်ထားပါသည် ။

(ခရီးစဉ်-၁) တွင် လိုက်ပါမည့် ညီအစ်ကိုမောင်နှများ အနေဖြင့် ၊ ဇူလိုင်လ ၂၅ ရက် (ဗုဒ္ဓဟူး) နေ့ နောက်ဆုံးထားပြီး ၊ အောက်ပါပုဂ္ဂိုလ်များထံ စာရင်းပေးသွင်းကြပါရန် ထပ်မံအသိပေး နှိုးဆော်အပ်ပါသည်-

- 011-9360-1792 (Myanmar Thagyi)
- 010-4626-7571 (Sagawar)
- 010-9086-2290 (Mother’s House)
- 010-4303-0399 (Ywet Hla Aein)
- 010-2331-2457 (Teletalki)
ခရီးစရိတ်နှင့် ထွက်ခွါချိန် ၊ ပြန်လည်ရောက်ရှိချိန် အချိန်ဇယားမှာ ယခင်ကြေညာထားသည့်အတိုင်းဖြစ်ပါသည် ။
လေးစားမှုဖြင့်-
ဓမ္မဒူတ(ကိုရီးယား)

Monday, July 9, 2012

ဓမ္မဒူတ(ကိုရီးယား)မောင်မယ်များ ၂၀၁၂ နွေရာသီ ဘူဆန် ဟဲအွန်ဒယ်သို့ အပန်းဖြေခရီးထွက်မည်

ဇူလိုင် ၉ ၊ အင်ချောန်း


လာမည့် ဇူလိုင် ၂၈/၂၉ ရက် (ခရီးစဉ်-၁) နှင့် သြဂုတ်လ ၄ /၅ ရက်နေ့ (ခရီးစဉ်-၂) များတွင် ၊ ဓမ္မဒူတ ဗုဒ္ဓသာအသင်း (ကိုရီးယား) က ကမကထပြုပြီး၊ ကမ္ဘာကျော် ဘူဆန်မြို့ ဟဲအွန်ဒယ် ပင်လယ်ကမ်းခြေ (해운대해수욕장) သို့ နွေရာသီ အပန်းဖြေခရီး ထွက်မည်ဖြစ်ကြောင်း ကြေငြာအပ်ပါသည် ။



လိုက်ပါလိုသူများ တစ်ဦးလျင် ခရီးစရိတ် (သွား / ပြန် ယာဉ်စရိတ်) ဝမ် ၅သောင်း နှုန်း သတ်မှတ်ထားပြီး ၊ အောက်ပါပုဂ္ဂိုလ်များထံ ယာဉ်နေရာများ ကြိုတင်မှာကြား ရယူနိုင်ပါသည် -


- 011-9360-1792 (Myanmar Thagyi)

- 010-4626-7571 (Sagawar)

- 010-9086-2290 (Mother’s House)

- 010-4303-0399 (Ywet Hla Aein)

- 010-2331-2457 (Teletalki)

ခရီးစဉ် (၂)ခုစလုံးအတွက် ပထမရက်(ဇူလိုင်၂၈ /သြဂုတ်၎)ည ၁၁ နာရီ တိတိတွင် ၊ ဘူဖြောင်းမြို့ ဓမ္မဒူတ စင်တာမှ ကားများစတင် ထွက်ခွါမည်ဖြစ်ပြီး ၊ ဒုတိယနေ့ (ဇူလိုင်၂၉/သြဂုတ်၅)နံနက် ၆ နာရီ ဘူဆန် ဟယ်အွန်ဒယ်ကမ်းခြေသို့ ဆိုက်ရောက်ရန် စီစဉ်ထားကြောင်း ၊ ဘူဆန်မြို့တွင် တစ်နေကုန် အနားယူ အပမ်းဖြေ ကြပြီးနောက် တစ်ရက်(ဇူလိုင်၂၉/သြဂုတ်၅)ည ၁၀ နာရီတွင် ကမ်းခြေမှ ပြန်လည် ထွက်ခွါမည် ဖြစ်ကြောင်း ၊ မရောက်ဖူးသေးသူများအနေဖြင့် ကမ္ဘာကျော် ဘူဆန်မြို့ ပင်လယ်ရေအောက်ငါးပြတိုက် (CLICK) ၊ သမိုင်းဝင် APEC-2005 အစည်းအဝေး ပြခန်း(CLICK) ၊ ဘူဆန်ကုန်သွယ်ရေးဆင်တာပြခန်း (BEXCO) (CLICK)စသည်နေရာများသို့ လည်း လည်ပတ်ခွင့် ရရှိကြမည်ဖြစ်သည် ။

ယခင်နှစ် များမှ အတွေ့အကြုံများ အရ ယာဉ်ကြော ပိတ်ဆို့ခြင်းကြောင့် ခရီးသွားမိတ်ဆွေတို့၏ အဖိုးတန် အားလပ်ချိန်များ အလဟဿ ဖြစ်ကုန်သည့်ပြဿနာ ၊ ပိတ်ရက်ကာလ တည်းခိုရန် နေရာ အခက်အခဲပြဿနာ စသည်တို့ မရှိစေရန် ညပိုင်းတွင် ခရီးထွက်ဖို့ စီစဉ်ထားခြင်း ဖြစ်ပါသည် ။


ထပ်မံသိလိုသည်များကို လက်မှတ်အရောင်းဌာနများ (အထက်ဖော်ပြပါဖုန်းနံပါတ်များ) တွင် မေးမြန်းနိုင်ပါသည် ။

အသေးစိတ်အစီအစဉ်ကို ထပ်မံကြေငြာပါမည် ။


မေတ္တာဖြင့်-

ဓမ္မဒူတ(ကိုရီးယား)

Thursday, June 28, 2012

ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် အတွက် အလှူရှင်အမှတ် 10169 နှင့် ပါရမီရှင်များ ဝမ်၃၃သိန်း၉သောင်း လှူဒါန်း

ဇွန် ၂၇ ၊ အင်ချောန်း
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အလှူရှင်အမှတ် 10169 နှင့် အောက်ဖော်ပြပါ ပါရမီရှင် အပေါင်းတို့က အလှူတော်ငွေ ဝမ် ၃၃သိန်း၉သောင်းတိတိ (3,390,000 Won)ကို ဓမ္မဒူတ(ကိုရီးယား) တွဲဖက်ကျောင်းထိုင်ဆရာတော် အရှင်ကိတ္တိသာရထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10169 ဦးချစ်ခိုင် ဒေါ်သန်းဝင်း သား မျိုးခိုင်ဝင်း 100,000
10170 ဦးသန်းဌေး (အွိဂျောင်ဘူ) 50,000
10171 ဓမ္မဒူတဝေယျာဝစ္စလူငယ်များ(2) 100,000
10172 ဓမ္မဒူတဝေယျာဝစ္စလူငယ်များ(3) 150,000
10173 ဓမ္မဒူတဝေယျာဝစ္စလူငယ်များ(4) 170,000
10174 ကိုကျော်ဇော 30,000
10175 ဦးစိုးမြင့် ဒေါ်နော်ကြာပါး သားမောင်မောင်မျိုးညွန့် 50,000
10176 ဦးကြည်ဝင်း ဒေါ်သန်းမြင့် 100,000
10177 ကိုအောင်လင်းသိန်း မငုဝါစိုး သားဈာန်လင်းထက် 10,000
10178 ဦးစံရွှေ ဒေါ်ခင်ဝင်း သား မျိုးဇော်ဝင်း 50,000
10179 ဦးအောင်မျိုးသူ ဒေါ်ဖြိုးမမသန်း မိသားစု 100,000
10180 ဒေါ်ခင်မြင့် ရည်စူး၍ 20,000
10181 ကိုဇော်လင်းအောင် 15,000
10182 ဦးမြင့်သိန်း ဒေါ်သန်းရွှေ 30,000
10183 သူငယ်ချင်းများ 25,000
10184 ကိုအောင်မျိုးသူနှင့် ပညာတော်သင်ကျောင်းသားများ 230,000
10185 ဦးစိုးဝင်း ဒေါ်စောမြင့် ဒေါ်ကျင်အေးတို့အားရည်စူး၍ ကိုကျော်လင်း မညိုပြာ သား အောင်ဟိန်းခန့် မောင်ရှင်းသန့်အောင် 100,000
10186 ကိုဟိန်းဇော်လတ်(သိမ်ဇရပ်) 50,000
10187 ကိုမြင့်ဝင်း မယုမြတ်လှိုင် သား အောင်ခန့်ဇော် သမီးရွှေရည်မြင့်မြတ် 50,000
10188 ကိုဇာနည်ထွန်း 30,000
10189 ကိုဟိန်းဇာ 30,000
10190 ကိုလှတင်ဦး 20,000
10191 ကိုစိုးမိုး ၊ကိုမောင်ခိုင် ၊ ကိုမင်းကို 30,000
10192 ကိုသိန်းမင်း 30,000
10193 ကိုရေချမ်း ၊ကိုအေးဟန် ၊ လွင်ချမ်းမြေ့ 30,000
10194 ဦးညွန့်မောင် ဒေါ်ခင်စန်းရီ မိသားစု 100,000
10195 လင်းဧရာထူး 50,000
10196 ကိုအောင်သက်ထွေး 30,000
10197 ကိုစိုင်းညီမင်း 50,000
10198 ဦးကြည်ဝင်းအားရည်စူး၍ သား ကိုသန်းဝင်းအောင် 300,000
10199 ကွယ်လွန်သူ ဦးကျော်ငြိမ်းအားရည်စူး၍ သား ကိုဇော်လတ် 100,000
10200 ဒေါ်အေးလှိုင်(ရန်ကုန်) 100,000
10201 ကိုမြင့်ကျော် မသီတာ (နမ်ယင်း) ၊ကိုပြည့်ဖြိုးအောင်(20,000စီ) 40,000
10202 ဦးမင်းလွင်(၇၃)နှစ်အားရည်စူး၍ သားစိုင်းတင်မင်းဆိုင် 100,000
10203 ဦးစောဝင်း ၊ဒေါ်သန်းသန်းမြင့် သား ကျော်သူမိသားစု 100,000
10204 မျိုးမြင့်အောင် 50,000
10205 ဦးတင်ဝင်း ဒေါ်ခင်အေးမူ မိသားစု 100,000
10206 ဦးအောင်သစ် မိသားစု 300,000
10207 ကိုမင်းထွန်းသန်း ၊ ကိုမျိုးမောင် ၊ ကိုဇော်နိုင်ဦး ၊ကိုညီညီနိုင် ၊ ကိုလေးအောင် ၊ ကိုမြင့်ဇော် ၊ စေတနာရှင် (10,000စီ) 70,000
10208 ကိုတူးမနီနီချော၊ကိုတိုးဝင်းထွန်း ၊ကိုသီဟတိုး ၊(20,000စီ) 60,000
10209 ကိုအောင်မိုး (ခ) ကိုရိန်း 15,000
10210 ဦးသိန်းဆောင် (ဒေါ်သန်း) မိသားစု 5,000
10211 ကိုတိုးကြီး 50,000
10212 ကိုချစ်ထူး ၊ ထွန်းထွန်းဝင်း ၊ ကိုအောင်ကိုဦး (20,000စီ) 60,000
10213 ဦးသိန်းဆောင် (ဒေါ်သန်း) မိသားစု 10,000
10214 ကိုဝေလင်း မနီနီဝင်း ၊ ကိုမျိုးမြတ်လင်း ၊ ကိုသက်ခိုင်ဝင်း ၊ ကိုကျော်ဝေဦး မရီဝေနိုင် ၊ ဝေဖြိုး ၊ ကိုလူအောင် (10,000စီ) 60,000
10215 တိုးဝင်းထွန်း ၊ ကိုနိုင်မင်း(20,000စီ) 40,000

အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့ ဇွန်လ27 ရက်နေ့ အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် သိန်းပေါင်း 1076 နှင့် 7 သောင်း 7 ထောင် (107,677,000) နှင့် အမေရိကန်ဒေါ်လာ ၅၃၀ (ငါးရာသုံးဆယ်) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြကြပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ။



ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။


အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇွန်လ 27 ရက်

Monday, June 18, 2012

မုန်လာဥ ကင်ချီလက်တွေ့ပြုလုပ်နည်းသင်တန်း ၊ စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်

ဆောအူးလ် ၊ ဇွန် ၁၈
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းမှုတို့အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ မုန်လာဥ ကင်ချီလက်တွေ့ပြုလုပ်နည်းသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -
သင်တန်းနေရာ
- ၈ျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)
သင်တန်းနေ့ရက်
- ဇွန်လ ၂၄ ရက် ၊ တနင်္ဂနွေနေ့
သင်တန်းအချိန်
-နံနက်၉နာရီမှ နေ့လည် ၃ နာရီ ထိ
- နေ့လယ်စာ အခမဲ့ ကျွေးမွေးပါမည် ။
- နံနက် ၈ နာရီ၃၀ မိနစ် တိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ သင်တန်းပြီးလျင် ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ (၂၀) သာ ကန့်သတ်ထားပါသည် ။
- စိတ်ပါဝင်စားသူများ 010-2331-2457 ထံ အမြန်ဆုံးစာရင်းပေးသွင်းကြစေလိုပါသည် ။
လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

Thursday, June 14, 2012

ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် အတွက် အလှူရှင်အမှတ် 10151 နှင့် ပါရမီရှင်များ ဝမ်၂၆သိန်း၂ ထောင်တိတိ နှင့် ဒေါ်လာ ၅၃၀ လှူဒါန်း

ဇွန် ၁၄ ၊ အင်ချောန်း
ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် များနှင့် မိတ်ဆွေအပေါင်းတို့က အလှူတော်ငွေ ဝမ် ၂၆သိန်း၂ ထောင်တိတိ (2,602,000 Won)နှင့် အမေရိကန် ဒေါ်လာ ၅၃၀ (530USD)ကို ဓမ္မဒူတ(ကိုရီးယား) တွဲဖက်ကျောင်းထိုင်ဆရာတော် အရှင်ကိတ္တိသာရထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10151 အဖွားဒေါ်အေးလှိုင်အမှူးထား၍ မြေးအောင်ဇော်ဌေး 100,000
10152 မိခင်ဒေါ်ခင်မြင့်အမှူးထား၍သားသန့်ဇင်မောင် 100,000
10153 ဓမ္မဒူတဝေယျာဝစ္စလူငယ်များ 100,000
10154 မမနာပိကာစာရီ 50,000
10155 ၂ဘက်မိဘအမှူးထား၍ ကိုဝင်းမင်းထွန်း မမိမိမော် 100,000
10156 ကိုနေမင်းထင် (တတိယအကြိမ်) 50,000
10157 ကိုရဲမြင့် မအေးအေးမြင့် ၊ သမီးမဇာကြည်နိုင် 20,000
10158 ရခိုင်အသင်း(ကိုရီးယား) 50,000
10159 ဦးဇော်ဝင်း ဒေါ်သန်းသန်းမြင့် ၊ ကျော်သူ ကျော်သန့်ဇင် ယဉ်ဝေသူ 100,000
10160 ဦးချစ်ရွှေ ဒေါ်သောင်းရွှေ မိသားစု 100,000
10161 မိခင်ကြီး ဒေါ်ငွေယုန် (၇၉-နှစ်) (မိုးညှင်း) 100,000
10162 မိခင်ကြီး ဒေါ်ခင်အေးရည်စူး၍ နန္ဒကိုကို နော်စူစီ ဇော်လင်းလက်ကိုကို 100,000
10163 ကိုဟိန်းလတ်စိုး 30,000
10164 မိခင်ကြီး ဒေါ်သိန်းကြည်အားရည်စူး၍ သမီးမစန်းစန်းဝင်း(မိုးညှင်း) 1,500,000
10165 ကိုဝင်းလွင်ထွန်း 22,000
10166 ကိုငယ်ထွေးမိသားစု ။ ကိုသန်းကျော်ထွန်း ။ ကိုဟန်စိန် ။ ကိုသီဟကျော် ။ ကိုဝင်းအောင် ။ ကိုသောင်းထွဋ်ဇော် ။ ကိုအောင်မြင့်ဆွေ ။ ကိုတိုး ။ (10,000 စီ)
10167 ဦးရန်အောင် ၊ ဒေါ်ရင်ရွှင် (နယူးစတားရတနာဆိုင်) မိသားစု $500.00
10168 ကိုမြင့်မောင်မောင် $30.00

အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ယနေ့ ဇွန်လ၁၄ ရက်နေ့ အထိ ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် သိန်းပေါင်း ၁၀၄၂ နှင့် ၈ သောင်း ၇ ထောင် (104,287,000) နှင့် အမေရိကန်ဒေါ်လာ ၅၃၀ (ငါးရာသုံးဆယ်) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြကြပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် ။



ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။


အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇွန်လ ၁၄ ရက်

Monday, June 11, 2012

ဒုတိယအကြိမ် ဓမ္မဒူတ-နိဗဒ္ဓအလှူတော် ရေစက်ချမင်္ဂလာ နှင့် အာဟာရဒါန အလှူတော် ဖိတ်ကြားစာ

ဇွန် ၁၁ ၊ ဓမ္မဒူတ
ကျနော်များ အမေ့အိမ် ညီအစ်ကိုများနှင့် မိတ်ဆွေတစ်စုတို့က ဓမ္မဒူတ (ကိုရီးယား) နိဗဒ္ဓအလှူတော် ဒုတိယအကြိမ် အလှူတော် ရေစက်ချမင်္ဂလာအလှူတော်နေ့တွင် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း နေ့ဆွမ်းများဆက်ကပ်လှူဒါန်းပြီး ၊ ကြွရောက်တော်မူလာကြမည့် ဧည့်ပရိသတ်အပေါင်းတို့အား အာဟာရဒါနဖြင့် ဧည့်ခံကျွေးမွေး ကုသိုလ်တော် ယူလိုကြပါသဖြင့် ကြွရောက်တော်မူကြပါရန် လေးစားစွာ ဖိတ်မန္တက ပြုအပ်ပါသည် ။
အလှူတော်အစီအစဉ်မှာ အောက်ပါအစီအစဉ်အတိုင်း ဖြစ်ပါသည် -
အလှူတော် အစီအစဉ်
ရက်စွဲ ။ ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်(တနင်္ဂနွေနေ့)
အချိန် ။ နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီခွဲထိ
နေရာ ။ ဓမ္မဒူတ (ကိုရီးယား) (လမ်းညွန်-CLICK HERE)
အကျွေးအမွေးအစီအစဉ်
ထောပတ်ထမင်း ဖြင့် ဖွယ်ဖွယ်ရာရာ ဧည့်ခံလှူဒါန်းပါမည် ။
အနုမောဒနာတရားအစီအစဉ်
နေ့လည် ၁ နာရီခွဲ တိတိတွင် ဒုတိယအကြိမ် ဓမ္မဒူတ-နိဗဒ္ဓအလှူတော် ရေစက်ချမင်္ဂလာ နှင့် အာဟာရဒါန အလှူတော် အနုမောဒနာတရားနာကြားပါမည်။
သာဓုအနုမောဒနာတရားကို ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒက ချီးမြှင့်တော်မူပါမည်

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ။

ဓမ္မဒူတ ယဉ်ကျေးမှုအသင်းနှင့်
အမေ့အိမ် ညီအစ်ကိုများ