Wednesday, November 14, 2012

ဒုတိယအကြိမ် ကိုရီးယားကင်ချီ လက်တွေ့ပြုလုပ်နည်း သင်တန်းဖွင့်မည်

အင်ချောန်း ၊ နိုဝင်္ဘာလ ၁၄
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ၏ လူနေမှုဘဝနှင့် အသက်မွေးဝမ်းကျောင်းမှုတို့အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ ဒုတိယအကြိမ် ကင်ချီလက်တွေ့ ပြုလုပ်နည်းသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -
သင်တန်းနေရာ
- ၈ျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)
သင်တန်းနေ့ရက်
- နိုဝင်္ဘာလ ၂၅ ရက် ၊ တနင်္ဂနွေနေ့
သင်တန်းအချိန်
- နံနက် ၉ နာရီ ၃၀ မှ ညနေ ၆ နာရီထိ
- နေ့လည်စာ ၊ ညစာ အခမဲ့ ကျွေးမွေးပါမည် ။
- နံနက် ၈ နာရီတိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ ၅နာရီခွဲ ညစာစားပြီး ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ (၂၀) သာ ကန့်သတ်ထားပါသည် ။
- စိတ်ပါဝင်စားသူများ 010-2331-2457 ထံ နိုဝင်္ဘာလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြရန် ဖြစ်ပါသည် ။
လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

Sunday, November 11, 2012

၁၃၇၄ခုနှစ် ၊ ဓမ္မဒူတ စုပေါင်း မဟာဘုံကထိန် အလှူတော် ဖိတ်ကြားလွှာ

နမောဗုဒ္ဓါယ ၊ နမောဓမ္မါ ယ ၊ နမောသံဃာယ ၊

ရတနာသုံးပါး ဦးထိပ်ပန်ဆင်လျက် ၊ ဗုဒ္ဓသာသနာ ကြာရှည်တည်တံ့ပါစေခြင်း အလို့ငှာ၊ ဓမ္မဒူတ (ကိုရီးယား) အကျိုးဆောင် အဖွဲ့၏ ဦးဆောင်မှု၊ အမေ့အိမ် ရွှေညီအစ်ကိုများ၏ အာဟာရဒါန လှူဒါန်းမှု ကိုရီးယားနိုင်ငံရောက် ဗုဒ္ဓဘာသာဝင် သဒ္ဓါကြည်ရွှင် သူတော်စင် အပေါင်းတို့၏ ပါဝင်လှူဒါန်းမှုတို့ဖြင့် စုပေါင်းကျင်းပမည့် ၁၃၇၄ခုနှစ် ဓမ္မဒူတ စုပေါင်းမဟာဘုံကထိန် အောင်ပွဲအလှူတော်ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန် ရပ်နှီးရပ်ဝေးရှိ ရွှေမြန်မာများအပေါင်းတို့အား လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်-

နေ့ရက်
၁၃၇၄ခု၊ တန်ဆောင်မုန်းလဆန်း (၁၂)ရက်၊ (၂၅-၁၁-၂၀၁၂)၊ တနင်္ဂနွေနေ့

ဧည့်ခံချိန်
နံနက် (၁၀) နာရီမှ နေ့လည် (၂)နာရီအထိ

တရားနာချိန်
နေ့လည် (၁) နာရီ

နေရာ
ဓမ္မဒူတ (ကိုရီးယား)

အာဟာရ
အထူးစပါယ်ရှယ် မြန်မာ့ရိုးရာ အမေ့အိမ် ထမင်းဟင်း

ပင်မအလှူရှင်
အမေ့အိမ် ရွှေညီအစ်ကိုများ

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ။

အကျိုးတော်ဆောင်အဖွဲ့ 
ဓမ္မဒူတ(ကိုရီးယား)

Thursday, November 1, 2012

ကချင်လူထုကို သိန်း ၁ ထောင်ကျော်ဖိုး အရှင်ဆေကိန္ဒ လှူဒါန်း

2012-11-01
စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်နယ် ဒေသခံပြည်သူတွေကို ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒက ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ စောင်နဲ့ အလှူငွေအပါအဝင် စုစုပေါင်းငွေကျပ် သိန်း ၁ ထောင်ကျော်ဖိုး မနေ့က လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

ဗုဒ္ဓဟူးနေ့ နေ့လည် ၁ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာကျင်းပတဲ့ ပူတာအိုနဲ့မြစ်ကြီးနားခရိုင်က စစ်ဘေးရှောင်ပြည်သူတွေကို အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ပဋိပတ္တိမဟာဋ္ဌာန ဋ္ဌာနမှူး ပါမောက္ခဆရာတော် အရှင်ဆေကိန္ဒနဲ့ တပည့်ဒါယိကာ၊ ဒါယိကာမတွေ စုပေါင်းလှူဒါန်းတဲ့ အခမ်းအနားမှာ ကချင်ပြည်နယ် သာသနာရေးဦးစီးဋ္ဌာန ဦးစီးမှူး ဦးစိုးတင့်က လှူဒါန်းတဲ့စာရင်း အသေးစိပ်ကို ကြေငြာခဲ့ပါတယ်။ ဒီအခမ်းအနားမှာ ဆရာတော်အရှင်ဆေကိန္ဒက ကချင်ပြည်နယ်မှာ စစ်ပွဲတွေရပ်စဲရေးအတွက် မေတ္တာတရားဟောကြားခဲ့ပါတယ်။

ဒါ့အပြင် ဆရာတော်ဟာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် သာဂရသရက်တော ဘုန်းတော်ကြီး ကယ်ဆယ်ရေးစခန်း၊ ချမ်းမြေ့သီလရှင်စာသင်ကျောင်းနဲ့ မိုင်းနားကျေးရွာက စိန့်ဂျိုးဇက် ကက်သလစ် အသင်းတော် ကယ်ဆယ်ရေးစခန်းတွေကိုလည်း မနေ့က သွားရောက်ပြီး အဲဒီ့စခန်းတွေက ကလေး လူကြီးအားလုံးကို ငွေကျပ် ၁ ထောင်စီ ထပ်လောင်းလှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။ ဆရာတော်ဟာ ဒီခရီးစဉ်အတွင်း အံတော်ရှင်ဘုန်းတော်ကြီးစာသင်ကျောင်း၊ ဝန်းသိုကျောင်းတိုက် ကယ်ဆယ်ရေးစခန်း နဲ့ Green Happy Land မိဘမဲ့ကျောင်းတို့ကို သွားရောက်မယ်လို့လည်း သတင်းရရှိပါတယ်။


Sources:
http://www.rfa.org/burmese/news/protect_farmers-11012012041717.html/donation-11012012042720.html