Thursday, April 14, 2011

ဓမ္မဒူတ(ကိုရီးယား) ဗုဒ္ဓရုပ်ပွါးတော် ရောင်တော်ဖွင့် နှင့် မြန်မာနှစ်သစ်အလှူဖိတ်ကြားလွှာ

ဓမ္မဒူတ (ကိုရီးယား) တွင် တည်ထားကိုးကွယ်သည့် ဗုဒ္ဓရုပ်ပွါးတော် ရောင်တော်ဖွင့် နှင့် နှစ်သစ်အာဟာရအလှူတော် ကိုအောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် ကြွရောက်ပြီး ကုသိုလ်တော်ယူတော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် -

★ ဗုဒ္ဓရုပ်ပွါးတော် ရောင်တော်ဖွင့်နှင့် ရေသပ္ပါယ်ခြင်းအစီအစဉ်
၂၀၁၁ ဧပြီ ၁၆ ရက် စနေနေ့
နေ့လည် ၁ နာရီခွဲမှ ညနေ ၆ နာရီထိ

★ အာဟာရဒါနအစီအစဉ်
၂၀၁၁ ဧပြီ ၁၇ ရက် တနင်္ဂနွေနေ့
နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီထိ

မြန်မာနှစ်သစ်အလှူအဖြစ် စကားဝါမိသားစုက ဗုဒ္ဓအမှူးရှိသည့် သံဃာတော်အရှင်သူမြတ်တို့အား အရုဏ်ဆွမ်း - နေ့ဆွမ်းတို့ဖြင့် ဆက်ကပ်လှူဒါန်းပြီး ၊ ကြွရောက်တော်မူလာကြမည့် ဧည့်ပရိသတ် အပေါင်းတို့အားလည်း ထောပတ်ထမင်း ၊ အအေးစုံတို့ဖြင့် လှူဒါန်း ပြီး ကုသိုလ်တော်ယူကြမည်ဖြစ်သည် ။

ဗုဒ္ဓသာသနံ စိရံတဋ္ဌတု ၊

အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)

No comments: