Sunday, October 9, 2011

ဓမ္မဒူတ(ကိုရီးယား)စုပေါင်းမဟာဘုံကထိန်အလှူတော် ဖိတ်ကြားစာ

အောက်တိုဘာ ၉ ၊ အင်ချောန်းမြို့တော် ။

ဓမ္မဒူတ(ကိုရီးယား) မိသားစုအနေဖြင့် ကိုရီးယားနိုင်ငံရောက် မြန်မာ ညီအစ်ကို မောင်နှမများနှင့် အတူ ၊ ၁၃၇၃ ခုနှစ် စုပေါင်းမဟာဘုံကထိန်အလှူကို အောက်ပါ အစီအစဉ်အတိုင်း ကျင်းပမည် ဖြစ်ပါသဖြင့် ကြွရောက် ကုသိုလ်တော်ယူတော်မူကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည် -

ရက်စွဲ-
၁၃၇၃ခု နှစ် ၊ သီတင်းကျွတ်လပြည့်ကျော် ၄ ရက် ၊ တနင်္ဂနွေနေ့
( ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၆ ရက် )
နေရာ -
ဓမ္မဒူတသိမ်တော် ခမ်းမ
အစီအစဉ် –
- ၁၁း၁၅ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း
- ၁၁း၅ဝ ဧည့်သည်တော်များ နေ့လည်စာ သုံးဆောင်ခြင်း (စကားဝါမိသားစုက အာဟာရဒါနပြုပါမည်)
- ၁၃း၁၅ ခေတ္တအနားယူခြင်း
- ၁၃း၃ဝ အခမ်းအနား စတင်ခြင်း
- ၁၃း၃၅ ကထိန်သင်္ကန်း နှင့်တကွ အလှူပစ္စည်းများဆက်ကပ်လှူဒါန်းခြင်း ၊ တရားနာယူခြင်း ၊ အလှူတော်အစုစု ရေစက်ချ အမျှအတန်းပေးဝေခြင်း
- ၁၅းဝဝ အခမ်းအနားပြီးဆုံးခြင်း

No comments: