Wednesday, January 4, 2012

ဓမ္မဒူတ (ကိုရီးယား) မြေအလှူတော် ပါရမီရှင်များ ဆက်လက်လှူဒါန်း

ဇန္နဝါရီ ၄ ၊ အင်ချောန်း ။
လွန်ခဲံသော တနင်္ဂနွေနေ့က ၊ ဓမ္မဒူတ (ကိုရီးယား) မြေနေရာလှူဒါန်းရေးအစီအစဉ်အတွက် ၊ အောက်ဖော်ပြပါ ပါရမီရှင် ၃ ဦးတို့က အလှူတော်ငွေ ဝမ် ၉ သိန်း ၅ သောင်းတိတိကို ဓမ္မဒူတ(ကိုရီးယား) အကျိုးတော်ဆောင်အဖွဲ့ထံ လာရောက် လှူဒါန်းသွားကြကြောင်း ဝမ်းမြောက်စွာ မော်ကွန်းရေးထိုးအပ်ပါသည် -
10052 ဦးသန်းဝင်းဒေါ်ခင်အေးသင်းအမှူးထား၍ သား ကိုအောင်စည်သူဖြိုး 600,000
10053 နှစ်ဖက်မိဘများ အမှူးထား၍ ကိုခင်မောင်ဝင်း မတင်တင်အောင် 50,000
10054 ကိုအောင်မြင့်ဦး 300,000

[Photo: Dhammaduta_Korera/ အလှူရှင်တစ်ဦး မြေအလှူတော် လှူဒါန်းနေစဉ်]
အထက်ပါ အလှူတော်ငွေများအပါအဝင် ၊ ဓမ္မဒူတ(ကိုရီးယား) မြေအလှူတော်အတွက် ရရှိပြီး အလှူတော်ငွေစုစုပေါင်းမှာ ဝမ် ၉၀၆ သိန်း ၆ သောင်း ၅ ထောင် (90,665,000) တိတိ ဖြစ်ပြီး အလှူရှင်များစာရင်း ကို ဤနေရာ/Click Here/ တွင် ကြည့်ရှုပြီး ကုသိုလ်တော် ပွါးများနိုင်ကြပါသည် ။

ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ။

အကျိုးတော်ဆောင်အဖွဲ့
ဓမ္မဒူတ(ကိုရီးယား)
၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၄ ရက် ။

No comments: