Thursday, January 19, 2012

မြန်မာအီးပီလုပ်သားများအတွက် အလုပ်သမားရေးရာ ဆွေးနွေးပွဲ ပြုလုပ်မည်

ဒါကြောင့် ၊ ဒီလိုစီစဉ်ထားပါတယ် -
- ကျနော်တို့ ဘာအခွင့်အရေးတွေ ရနိုင်တယ်ဆိုတာ မသိတော့ ၊ နစ်နာမှုတွေ ရှိခဲ့ကြတယ် ၊ ရှိနေကြတယ် ။ နောင်လည်း ရှိကြဦးမယ် ။
- နောက် ကျနော်တို့ ဘာတွေလုပ်ရမယ်ဆိုတာ မသိပြန်တော့လည်း ၊ လုပ်ရမှာတွေမလုပ်မိလို့ နစ်နာခဲ့ကြတယ် ၊ နစ်နာနေကြတယ် ။ နောင်လည်း နစ်နာကြဦးမယ် ။
- မနစ်နာသင့်တာတွေ ၊ မနစ်နာရအောင် လုပ်ရမှာ တွေကို လုပ်နိုင်ဖို့ လုပ်တတ်ဖို့ရာ သိရမှာတွေကို သိနေဖို့ လိုပါတယ် ။
- အဲသလို သိနေနိုင်ကြစေဖို့ ၊ ဓမ္မဒူတယဉ်ကျေးမှုအသင်း(ကိုရီးယား) အမှုဆောင်အဖွဲ့ က ၊ သက်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် ညှိနှိုင်းပြီး ၊ သည်အစီအစဉ်ကို စီစဉ်လိုက်ရခြင်းဖြစ်ပါတယ် ။
ဒါတွေဟောပြောဆွေးနွေးမယ် -
- ကုလသမဂ္ဂက ပြဋ္ဌာန်းထားသော အလုပ်သမားအခွင့်အရေးများ ၊
- ကိုရီးယား (အစိုးရပြဋ္ဌာန်းထားသော) အလုပ်သမားအခွင့် အရေးရပိုင်ခွင့်များ ၊
- ရပိုင်ခွင့်များအား ရယူရန် နည်းလမ်းများ ၊
- လုပ်ခလစာ ၊ ဗီဇာ ၊ အာမခံ ၊ စာချုပ် ၊ လုပ်သက်ဆုကြေး ၊ အလုပ်ချိန် ၊ အလုပ်ပြောင်းရွှေခြင်း ၊ ခွင့် အမျိုးမျိုး ၊ ရွေ့ပြောင်းအလုပ်သမားဆိုင်ရာ မူဝါဒအသစ်များ ။
- သိလိုသည်များ မေးမြန်းဆွေးနွေးခြင်း ။ တက်ရောက်လာသူများမှ အလုပ်သမားဥပဒေဆိုင်ရာများနှင့် အခြားမိမိတို့ သိလိုသည်များ၊ တွေ့ကြုံနေကြရသည့် အလုပ်သမားအခွင့်အရေးဆိုင်ရာ အခက်အခဲများ မေးမြန်း/ဖြေကြားခြင်း ။

အချိန်-
ဇန္နဝါရီလ ၂၉ ရက်နေ့ (တနင်္ဂနွေ) နေ့လယ် ၁ နာရီမှ ၅နာရီ အထိ
နေရာ-
ဓမ္မဒူတသိမ်တော် ခမ်းမ
တာဝန်ခံ ဆွေးနွေးပို့ချမည့်သူ -
ရွေ့ပြောင်းသူများ လူ့အခွင့်အရေးအစည်းအရုံး မှ ရုံးအဖွဲ့မှူး မစ္စစ် ဆိုး
မှတ်ချက် ။
ဆွေးနွေးပွဲတက်ရောက်သူများအတွက် ၊ ဆွေးနွေးပို့ချချက်များ (မြန်မာဘာသာဖြင့်) ဝေငှမည်ဖြစ်ပါသဖြင့် ၊ ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရန်အလို့ငှာ ၊ ဆွေးနွေးပွဲတက်ရောက်လိုသူများ ဇန္နဝါရီလ ၂၅ ရက် နောက်ဆုံးထားပြီး 010-2331-2457 (ကိုဝိုင်း) ထံ ကြိုတင် စာရင်းပေးကြစေလိုပါသည် ။

မေတ္တာဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

No comments: