Sunday, April 8, 2012

ကိုရီးယားရေညှိထမင်းလိပ် စီးပွါးဖြစ်ပြုလုပ်နည်း သင်တန်းဖွင့်မည်

ဆောအူးလ် ၊ ဧပြီ ၈
ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူဖြစ်စေရန် ရည်ရွယ်လျက် ၊ ဓမ္မဒူတဗုဒ္ဓဘာသာအသင်းနှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်းချက်အရ ၊ ကိုရီးယားရေညှိထမင်းလိပ် စီးပွါးဖြစ်ပြုလုပ်နည်းသင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ပြုလုပ်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူများ အခမဲ့ တက်ရောက်သင်ယူနိုင်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည် -
သင်တန်းနေရာ
- ၈ျိုဂဲဂိုဏ်း ၊ ဂွမ့်ဂန်ဂျောင်ဆာ (금강정사)
သင်တန်းနေ့ရက်
- ဧပြီလ ၂၉ ရက် ၊ တနင်္ဂနွေနေ့
သင်တန်းအချိန်
- နံနက် ၉ နာရီ ၃၀ မှ ညနေ ၅ နာရီထိ
- နေ့လည်စာ ၊ ညစာ အခမဲ့ ကျွေးမွေးပါမည် ။
- နံနက် ၈ နာရီတိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ၊ ၅နာရီခွဲ ညစာစားပြီး ဓမ္မဒူတသို့ ပြန်လည်ပို့ဆောင်ပေးပါမည် ။
- ထိရောက်စွာ ပို့ချ ၊ သင်ယူနိုင်ကြစေရန် သင်တန်းသား ဦးရေ (၂၀) သာ ကန့်သတ်ထားပါသည် ။
- စိတ်ပါဝင်စားသူများ 010-2331-2457 ထံ ဧပြီလ ၂၀ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးသွင်းကြရန် ဖြစ်ပါသည် ။
- အမှန်တကယ်တက်ရောက်နိုင်မည့်သူများသာ စာရင်းပေးသွင်းကြပါရန် နှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်မချနိုင် (အချိန်ပိုဆင်းရမည့် ၊ မနက်စောစော အိပ်ရာမထနိုင် ၊ အရေးကြီးကိစ္စပေါ်တတ်) သူများ အရန်သင်တန်းသားအဖြစ်သာ စာရင်းပေးသွင်းကြပါရန်မေတ္တာရပ်ခံပါသည် ။
လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

No comments: