Wednesday, April 25, 2012

ရေညှိထမင်းလိပ် သင်တန်းအချိန်ဇယားပြောင်း ၊ သင်တန်းသားအမည်စာရင်းအတည်ပြုချက်ပေးရန်လို

ဆောအူးလ် ၊ ဧပြီ ၂၅
ဧပြီလ ၂၉ ရက် ၊ တနင်္ဂနွေနေ့ တွင် ကိုရီးယားနိုင်ငံရောက် မြန်မာ အလုပ်သမားများ အတွက် ဓမ္မဒူတယဉ်ကျေးမှုအသင်း နှင့် ကိုရီးယား ဂျိုဂဲ ဂွမ့်ဂန်ဂျောင်ဆာ ဗုဒ္ဓဘာသာအသင်းတို့ ညှိနှိုင်း ဖွင့်လှစ်မည့် ကိုရီးယားရေညှိထမင်းလိပ် စီးပွါးဖြစ်ပြုလုပ်နည်းသင်တန်း အချိန်ဇယားကို အောက်ပါအတိုင်း ပြင်ဆင်လိုက်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည် -
သင်တန်းနေ့ရက်-
- ဧပြီလ ၂၉ ရက် ၊ တနင်္ဂနွေနေ့
သင်တန်းအချိန်-
- နံနက် ၈ နာရီ ၃၀ မှ ညနေ ၅ နာရီထိ
- နံနက်စာ ၊ နေ့လည်စာ ၊ ညစာ အခမဲ့ ကျွေးမွေးပါမည် ။
- နံနက် ၇ နာရီ ၃၀ မိနစ် တိတိတွင် ဓမ္မဒူတ(ကိုရီးယား)မှ ကြိုပို့ကား ထွက်ခွါပါမည် ။
အထူးပြုမှတ်ချက်-
- သင်တန်းသားများအချင်းချင်း ၊ သင်တန်းသားများနှင့် သင်တန်းစီစဉ်သူများ ချစ်ကြည်ရင်းနှီးမှုရရှိရေး အစီအစဉ်တိုးလာသဖြင့် ၊ ဓမ္မဒူတမှ စတင်ထွက်ခွါချိန်ကို ရှေ့တိုး ပြင်ဆင်လိုက်ရခြင်းဖြစ်ပါသည် ။
- ရှေ့တိုးလိုက်သည့် အစီအစဉ်အဖြစ် သင်တန်းတွင် နံနက်စာ အတူသုံးဆောင်ကြပြီး ၊ အချင်းချင်း မိတ်ဆက်ခြင်းနှင့် အလ္လာပသလ္လာပ စကားဝိုင်းအစီအစဉ် ပါရှိလာပါသည် ။
- နံနက် ထွက်ခွါချိန် ပြင်ဆင်လိုက်သည့် အချိန်ဇယားအရ သင်တန်းသို့ အမှန်တကယ်တက်ရောက်နိုင်ခြင်းရှိမရှိ 010-3719-2474 ထံ အမြန်ဆုံး အတည်ပြုချက်ပေးကြပါရန် မေတ္တာရပ်ခံပါသည် ။
လေးစားမှုဖြင့် -
ဓမ္မဒူတ(ကိုရီးယား)

No comments: