Sunday, November 11, 2012

၁၃၇၄ခုနှစ် ၊ ဓမ္မဒူတ စုပေါင်း မဟာဘုံကထိန် အလှူတော် ဖိတ်ကြားလွှာ

နမောဗုဒ္ဓါယ ၊ နမောဓမ္မါ ယ ၊ နမောသံဃာယ ၊

ရတနာသုံးပါး ဦးထိပ်ပန်ဆင်လျက် ၊ ဗုဒ္ဓသာသနာ ကြာရှည်တည်တံ့ပါစေခြင်း အလို့ငှာ၊ ဓမ္မဒူတ (ကိုရီးယား) အကျိုးဆောင် အဖွဲ့၏ ဦးဆောင်မှု၊ အမေ့အိမ် ရွှေညီအစ်ကိုများ၏ အာဟာရဒါန လှူဒါန်းမှု ကိုရီးယားနိုင်ငံရောက် ဗုဒ္ဓဘာသာဝင် သဒ္ဓါကြည်ရွှင် သူတော်စင် အပေါင်းတို့၏ ပါဝင်လှူဒါန်းမှုတို့ဖြင့် စုပေါင်းကျင်းပမည့် ၁၃၇၄ခုနှစ် ဓမ္မဒူတ စုပေါင်းမဟာဘုံကထိန် အောင်ပွဲအလှူတော်ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် ကြွရောက်ကြပါရန် ရပ်နှီးရပ်ဝေးရှိ ရွှေမြန်မာများအပေါင်းတို့အား လေးစားစွာ အသိပေး ဖိတ်ကြားအပ်ပါသည်-

နေ့ရက်
၁၃၇၄ခု၊ တန်ဆောင်မုန်းလဆန်း (၁၂)ရက်၊ (၂၅-၁၁-၂၀၁၂)၊ တနင်္ဂနွေနေ့

ဧည့်ခံချိန်
နံနက် (၁၀) နာရီမှ နေ့လည် (၂)နာရီအထိ

တရားနာချိန်
နေ့လည် (၁) နာရီ

နေရာ
ဓမ္မဒူတ (ကိုရီးယား)

အာဟာရ
အထူးစပါယ်ရှယ် မြန်မာ့ရိုးရာ အမေ့အိမ် ထမင်းဟင်း

ပင်မအလှူရှင်
အမေ့အိမ် ရွှေညီအစ်ကိုများ

ဗုဒ္ဓသာသနံစိရံတိဋ္ဌတု ။

အကျိုးတော်ဆောင်အဖွဲ့ 
ဓမ္မဒူတ(ကိုရီးယား)

No comments: